နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ဖူးမြော်

 

မန္တလေး   ဇွန်  ၁၉


နိုင်ငံတော်ဩဝါဒါစရိယ  အဘိဓဇ မဟာရဋ္ဌဂုရု   အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက      သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏  အဓိပတိ ဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိ ဿရအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်     ဦးမျိုးအောင်သည်  ယနေ့ညနေပိုင်းက   သွားရောက် ဖူးမြော်ခဲ့သည်။
မန္တလေးတိုင်း    ဒေသကြီး ဝန်ကြီးချုပ်   ဦးမျိုးအောင်၊  တိုင်း ဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည်     သီတဂူ ဝိပဿနာ  အကယ်ဒမီကျောင်း၊ သီတဂူစန္ဒြ ကန္တိကျောင်းဆောင်သို့ ရောက်ရှိပြီး     တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က     ဆရာ တော်ကြီးအား       ဖူးမြော်ကာ တိုင်းဒေသကြီး      ဝန်ကြီးချုပ်က ပုဂံ     ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ  တန်ခိုးကြီးဘုရားများ နှင့်စေတီများရှိ     သမိုင်းတန်ဖိုး ကြီးမားသည့်   ရှေးဟောင်းအမွေ အနှစ်လက်ရာများ ဖော်ထုတ်ရေး၊ ရှေးမူမပျက်     ရေရှည်တည်တံ့ အောင် ထိန်းသိမ်းရေးလုပ်ငန်းများ နှင့်  စပ်လျဉ်းသည့် သာသနာရေး ဆိုင်ရာများ      လျှောက်ထား၍ သီတဂူ    ဆရာတော်ကြီးထံက ဩဝါဒများခံယူပြီး လှူဖွယ်ပစ္စည်း များနှင့်     နဝကမ္မဝတ္ထုငွေများ ဆက်ကပ်      လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 
       

သတင်းစဉ်