
နေပြည်တော် ဇူလိုင် ၁၀
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနီး သတ်မှတ်နေရာ၌ ကျင်းပသည်။
တက်ရောက်စိုက်ပျိုး
သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် စိုက်ပျိုးကြသည်။
ကြည့်ရှုအားပေး
သစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် များက သတ်မှတ်နေရာများတွင် ကျွန်းပင်များကို ဦးဆောင်စိုက်ပျိုး ပေးကြပြီး အရာထမ်း၊ အမှုထမ်းများ ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ကျွန်းပင် ၂၀၀ ကို စိုက်ပျိုးခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်