နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် မိသားစုက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်း

 

နေပြည်တော် ဩဂုတ် ၂၅


နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးထင်ကျော် နှင့် ဇနီး ဒေါ်စုစုလွင် မိသားစုက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ငွေကျပ် ၃၆ သိန်းအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ယနေ့မွန်းလွဲပိုင်းက လှူဒါန်းရာ ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ သည်။
သတင်းစဉ်