နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့်အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့်အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်

 

=========================================================

 

နေပြည်တော် ဩဂုတ် ၁၀

 

၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

 

လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားရာတွင် ယနေ့ အခမ်းအနားသို့ ကြွရောက်လာကြသူများသည် နိုင်ငံတော်အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှ တာဝန် ကျေပွန်စွာ ဝိုင်းဝန်းပံ့ပိုးနေကြသူများ ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံပြီး အသိအမှတ်ပြု ဂုဏ်ပြုစကား ပြောကြားခွင့်ရသည့်အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါကြောင်း။

နိုင်ငံတစ်ဝန်း အခွန်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်း ၁၀၀၀ စာရင်းကို အခွန်အသိ၊ အခွန်ယဉ်ကျေးမှုမြင့်မား လာစေရေးအတွက်ဦးတည်ပြီး နိုင်ငံတော်အနေ ဖြင့် နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိပါကြောင်း။

 

ကန့်သတ်ဖိတ်ခေါ်

အခွန်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ ကြသည့် ပုဂ္ဂိုလ်များအားလုံးကို ဖိတ်ကြား တွေ့ဆုံဂုဏ်ပြုလိုသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ကန့်သတ်ဖိတ်ခေါ်ရခြင်း ဖြစ်ပါကြောင်း၊ ယနေ့ အခမ်းအနားကို မတက်ရောက်နိုင်သူများ၊ ဖိတ်ကြားခြင်း မပြု နိုင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် အခွန်အများဆုံး ထမ်းဆောင်သည့် အခွန်ထမ်း ၁၀၀၀ စာရင်းတွင် မပါဝင်သော်လည်း အခွန်ဆိုင်ရာတာဝန်များကို

m ရှေ့ဖုံးမှ

ကျေပွန်စွာလိုက်နာပြီး အခွန်ထမ်း ဆောင်ခဲ့ကြသူများကိုလည်း အထူး ကျေးဇူးတင်ပါကြောင်း၊ နောင်တွင် လည်း စီးပွားရေးလုပ်ငန်းများ ပိုမို တိုးတက်ကောင်းမွန်စေရန်နှင့် မိမိတို့ တိုင်းပြည်နှင့် ပြည်သူများကို အကျိုး ပြုနိုင်ကြပါစေဟု ဆန္ဒပြုဆုမွန်ကောင်း တောင်းပါကြောင်း။

မိမိတို့အစိုးရအနေဖြင့် ပြည်သူကို ဗဟိုပြုပြီး အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိစေ ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွား ရေးမူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိရာတွင် “နိုင်ငံတော်၏ဝင်ငွေ တိုးတက်ရရှိရန် အကျိုးသက်ရောက်မှု ရှိပြီး မျှတသော အခွန်စနစ်ထူထောင်၍ ပြည်သူများ၏ အခွင့်အရေးနှင့် ပစ္စည်း ဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများပြဋ္ဌာန်းလျက် အကာ အကွယ်ပေးရန်”ဟု အခွန်နှင့် ပတ်သက်ပြီး မူဝါဒချမှတ် ဆောင်ရွက် လျက်ရှိပါကြောင်း။

အသင့်တော်ဆုံးနည်းလမ်း

နိုင်ငံတိုင်း နိုင်ငံတိုင်းသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်နှင့် နိုင်ငံတော်ယန္တရားများ လည်ပတ်နိုင် ရန်အတွက် ဘဏ္ဍာငွေလိုအပ်ပါ ကြောင်း၊ ဘဏ္ဍာ ငွေရရှိရန် သယံဇာတ အရင်းအမြစ်နှင့် ပြည်ပချေးငွေများ အပေါ် မှီခိုသည့်နည်းလမ်းထက် အခွန် ကောက်ခံခြင်းကသာ တိုင်းပြည်တစ်ခု ၏ မေခရိုစီးပွားရေး တည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အသင့်တော်ဆုံး နည်းလမ်းဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုကိုလည်း စဉ်ဆက် မပြတ် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။

ပြည်သူ့အကျိုးအတွက်

အခွန်ကောက်ခံခြင်းသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြု ရန် လိုအပ်သည့် အသုံးစရိတ်များကို ပြည်သူများကိုယ်တိုင် ထည့်ဝင်သည့် နည်းလမ်းဖြစ်ပါကြောင်း၊ ပြည်သူ များထံမှ အခွန်အဖြစ် ကောက်ခံသည့် ငွေကြေးများသည် အစိုးရဘတ်ဂျက် ထဲသို့ ရောက်ရှိသွားပြီး အစိုးရက ပြည်သူ့အကျိုးစီးပွားအတွက် ပြန်လည် အသုံးပြုခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အခွန်သည် ပြည်သူများ ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းဟုလည်း ဆိုနိုင်ပါ ကြောင်း။

ပြည်သူများအနေဖြင့် နိုင်ငံတော်ကို တာဝန်ကျေပွန်စွာဖြင့် သတ်မှတ်ထား သည့် အခွန်များပေးဆောင်သည့် အတိုင်း အစိုးရများအနေဖြင့်လည်း အခွန်ထမ်းပြည်သူများ ထည့်ဝင်ထား သည့် အခွန်ငွေများကို ပြည်သူများ ကိုယ်စား အလေအလွင့်မရှိစေဘဲ အကျိုးရှိစွာ စီမံသုံးစွဲရန် တာဝန်ရှိပါ ကြောင်း၊ မိမိတို့အနေဖြင့် ကာလရှည် ကြာပျောက်ကွယ်ခဲ့သည့် အခွန် ယဉ်ကျေးမှုကို ဒီမိုကရေစီစံနှုန်းများနှင့် အညီ ဖွံ့ဖြိုးလာအောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် ရှေးအစဉ်အလာအရ “ပြည့်ဝမ်း” ဟုခေါ်ဆိုကြသည့် လုပ်ငန်းရှင်ကြီးများ နှင့် နိုင်ငံသားအားလုံး၏ ပံ့ပိုးမှု၊ ကူညီမှု သည်လည်း အဓိကကျပါကြောင်း၊ လုပ်ငန်းရှင်ကြီးများအနေဖြင့် စီးပွား ရေးလုပ်ငန်းများကို နိုင်ငံတကာစံနှုန်း များနှင့်အညီ ဆောင်ရွက်နေသော် လည်း လုပ်ငန်းငယ်များအနေဖြင့် လက်လှမ်းမမီဖြစ်နေသေးသည့် ကိစ္စ ရပ်များကို စံနမူနာပြအဖြစ် လမ်းပြ ခေါ်ဆောင်ပြီး ဆောင်ရွက်ပေးစေလိုပါ ကြောင်း။

နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသည့် ရင်းနှီးမြှုပ်နှံမှု များ ပိုမိုတိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အခွန်ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေ ရေးကိုလည်း ထည့်သွင်းစဉ်းစား ဆောင် ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဒုတိယသမ္မတ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကိုဖွဲ့စည်းပြီး လုပ်ငန်းရှင် များနှင့် လစဉ်တွေ့ဆုံကာ လုပ်ငန်းရှင် များ၏ အခက်အခဲများ၊ လိုအပ်ချက် များကို ညှိနှိုင်းအဖြေရှာပြီး အချိန်အခါ အရ အကောင်းဆုံးအနေအထားဖြစ်စေ ရန် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။

အခွန်ယဉ်ကျေးမှု

တစ်ဖက်တွင်လည်း ခေတ်နှင့် မလျော်ညီတော့သည့် အခွန်ဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုစနစ်များကို ပြုပြင် ပြောင်းလဲဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း၊ ဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲမှုအဖြစ် အခွန်ဆိုင်ရာ စီမံ အုပ်ချုပ်မှုဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း၊ ဝင်ငွေခွန်ဥပဒေအသစ် ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ အခွန်စနစ်ကို မျှော်မှန်းထား သည့်အတိုင်း ဒီမိုကရေစီစံနှုန်းနှင့် အညီ ဖွံ့ဖြိုးလာပြီး အခွန်ယဉ်ကျေးမှု ထွန်းကားလာရန်ဆိုလျှင် အခွန်စနစ် နှင့် တိုက်ရိုက်၊ သွယ်ဝိုက်၊ ဆက်စပ်၊ ပတ်သက်၊ ဆက်နွှယ်နေသူမှန်သမျှ ရိုးသားဖြောင့်မတ်မှန်ကန်မှု၊ ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံ မှုများ ပြည့်ပြည့်ဝဝရှိနေရန် လိုအပ်ပါ ကြောင်း။

အခွန်ဆိုင်ရာစီမံခန့်ခွဲမှု ပြုပြင် ပြောင်းလဲရေးအဖြစ် အခွန်ရုံးက စည်းကြပ်သည့်စနစ်အစား အခွန်ထမ်း ကိုယ်တိုင် စည်းကြပ်သည့်စနစ်ကို ပိုမိုကျယ်ပြန့်စွာ ပြောင်းလဲကျင့်သုံး နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နည်းပညာအခြေပြုသည့် အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကိုလည်း ဆောင်ရွက်လျက်ရှိပြီး ရှေ့ပြေးစီမံ ချက်အဖြစ် အီလက်ထရောနစ်စနစ်နှင့် အခွန်ပေးဆောင်နိုင်စေရေး၊ အခွန် ကြေညာလွှာတင်သွင်းနိုင်စေရေးတို့ကို လည်း ဆောင်ရွက်ပေးခဲ့ပြီး ယင်းအစီ အစဉ်များကို ဆက်လက်တိုးချဲ့ဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

ယခုကာလတွင် Covid-19 ကြောင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ နှင့် အလုပ်သမားများ၏ အလုပ်အကိုင် ဆုံးရှုံးမှုများကို လျော့ပါးသက်သာစေ ရေးအတွက်လည်း အခွန်ဆိုင်ရာ သက်သာခွင့်များနှင့် ခုနှိမ်ခွင့်များကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း။

အခွန်မူဝါဒ

 

နိုင်ငံတော်အနေဖြင့် အခွန်ရရှိရေး တစ်ခုတည်းကိုသာကြည့်ပြီး အခွန် မူဝါဒများ ချမှတ်ဆောင်ရွက်နေခြင်း မဟုတ်ဘဲ နိုင်ငံသူ နိုင်ငံသားများ၏ လိုအပ်ချက်၊ အခြေအနေနှင့် အချိန် အခါများအရ ပြောင်းလွယ်ပြင်လွယ် ဖြစ်အောင် စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အခွန်စနစ်ကို ရှင်းလင်း လွယ်ကူခြင်း၊ တရားမျှတမှုရှိခြင်း၊ တိကျမှန်ကန်ခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း၊ ကြိုတင်ခန့်မှန်းနိုင်ခြင်း စသည့် အခြေခံအချက်များနှင့် ပြည့်စုံ စေရန် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။

တိုင်းပြည်တစ်ပြည်၏ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားများ၏ လူမှုစီးပွားဘဝကို ပိုမိုတိုးတက် ကောင်းမွန်စေရုံသာမက တိုင်းပြည်၏ ဂုဏ်သိက္ခာ၊ တိုင်းပြည် ၏ပုံရိပ်ကို ပိုမိုမြင့်တက်လာစေနိုင်ပါ ကြောင်း လုပ်ငန်းရှင်ကြီးများအနေ ဖြင့် အခက်အခဲများရှိသော်လည်း မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရင်း အခွန်ပေးဆောင်မှုကို တာဝန်သိစွာ၊ တာဝန်ကျေပွန်စွာ ဆောင်ရွက်နေကြ သည်ကိုလည်း တွေ့မြင်ရသည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း။

 

လုပ်ငန်းရှင်ကြီးများ အနေဖြင့် ယခုလို အခွန်တာဝန်ကျေပွန်သည့် အစဉ်အလာကောင်းများကို ရေရှည် တည်တံ့အောင် ဆက်လက်ထိန်းသိမ်း ကြရန်နှင့် အခြားသော လုပ်ငန်းရှင်များ အနေဖြင့်လည်း ယင်းအစဉ်အလာ ကောင်းများကို အတုယူပြီး အခွန် ဆိုင်ရာတာဝန်များကို ကျေပွန်စွာ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း။

မိမိတို့အနေဖြင့် လုပ်ငန်းရှင်ကြီး များ၊ အခွန်ထမ်းပြည်သူများ၏

 

m စာမျက်နှာ ၃ မှ

လုပ်ငန်းများ နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ်ပြီး အဆင့်အတန်းမြင့်မား သည့်၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်၊ ကျင့်ဝတ် သိက္ခာနှင့် ပြည့်စုံသည့်၊ မျှတသည့် စီးပွားရေးလုပ်ငန်းများအဖြစ် ရပ်တည် ဆောင်ရွက်သွားနိုင်ရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီးပွား ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြား သည်။

ထို့နောက် နိုင်ငံတော်သမ္မတက ၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံးပေးဆောင်ခဲ့ကြ သော မြန်မာကုမ္ပဏီများမှ လုပ်ငန်းရှင် များနှင့် တာဝန်ရှိသူများဖြစ်ကြသည့် ဥရောပ အာရှကော်မာရှယ်ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ ဦးစိန်မြင့်၊ မြန်မာ့ စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ဌာနကြီးမှူး ဦးအောင်ရဲဝင်း၊ အီလန်ကုမ္ပဏီ လီမိတက် ဒါရိုက်တာ ဒေါ်သိန်းညွန့်၊ အပြည်ပြည်ဆိုင်ရာ အဖျော်ရည် ယမကာရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက် ဒါရိုက်တာ ဒေါ်မြပွင့်ဖြူ၊ မြဝတီဘဏ်လီမိတက် အမှုဆောင် အရာရှိချုပ်ဦးယုလွင်၊ သမဝါယမဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ကမ္ဘောဇဘဏ်လီမိတက် Deputy CEO ဦးအောင်ကျော်မျိုး၊ မြန်မာစပျစ် နှင့် အဖျော်ရည်ကုမ္ပဏီလီမိတက် Co-Chairman ဦးအောင်မိုးကျော်၊ ဧရာဝတီဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဒန်ကိုထရေးဒင်း ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဒေါ်စောသုဝေတို့အား ဂုဏ်ပြုမှတ် တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဂုဏ်ပြုမှတ်တမ်းလွှာ

 

ယင်းနောက် နိုင်ငံတော်သမ္မတက ၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့ကြသော မြန်မာကုမ္ပဏီ များမှ လုပ်ငန်းရှင်များနှင့် တာဝန်ရှိ သူများဖြစ်ကြသည့် ဒန်ကိုထရေးဒင်း ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ ကျော်စံ ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးတင်အောင်ကျော်၊ ပီတီစွမ်းအား ထရေးဒင်းကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးဇင်မင်းအောင်၊ စီးတီးမတ်ဟိုး(လ်)ဒင်းကုမ္ပဏီလီမိတက် အမှုဆောင် အရာရှိ ဒေါ်ဝင်းဝင်းတင့်၊ အာရှစွမ်းအား ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးသူရ ကျော်၊ အပြည်ပြည်ဆိုင်ရာ အဖျော် ရည်ယမကာရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက် ဒါရိုက်တာ ဒေါ်မြပွင့်ဖြူ၊ ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတက် မန်နေး ဂျင်းဒါရိုက်တာ ဦးသိန်းဝင်းဇော်၊ ဟေးဒေးအင်နာဂျီထရေးဒင်း ကုမ္ပဏီ လီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးထက်ခိုင်ဝင်း၊ မက်(စ်)အင်နာဂျီ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် လီဗီးယားလီမိတက် ဒါရိုက်တာ ဦးစိုးတင့်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတက ၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ်အတွက် အထူးကုန်စည်ခွန် အများဆုံးပေးဆောင် ခဲ့ကြသော မြန်မာကုမ္ပဏီများမှ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ ဖြစ်ကြသည့် ဒဂုံအဖျော်ယမကာ ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးလှမင်းတူ၊ ရွိုင်ရယ်ကလပ်ဘီး ဘရေ့(ခ်ျ)ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဒေါ်ခင်လေးနွယ်၊ အက်(စ်)အမ်အမ် ရွှေမြန်မာအဖျော်ယမကာ ကုမ္ပဏီ လီမိတက် ဒါရိုက်တာ ဦးစိုင်းလှိုင် ဘုန်းအောင်၊ ရောင်နီအရက်ချက် စက်ရုံ ဒါရိုက်တာ ဦးကျော်သိန်းလွင်၊ ဂိုး(လ်)ဒင်း အိုရီယဲ့(န်)တဲ(လဲ)လိ(ဖ်) ကုမ္ပဏီလီမိတက် မန်နေဂျင်း ဒါရိုက်တာ ဒေါ်မြင့်မြင့်ဝင်း၊ ဗစ်ထရီ မြန်မာဂရု(ပ်)ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဇော်ဝင်းဆွေ၊ ဗဟိုထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် ဒါရိုက်တာဦးစိုင်းလျှံ (ခ)ဌေးဝင်း၊ အာရှဖျော်ရည်များကုမ္ပဏီ လီမိတက် မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းဝင်း၊ လင်းလက်ဝင်း ကျောက် မျက်ရတနာ ကုမ္ပဏီလီမိတက် မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းကြည် နှင့် ရတနာကြယ်ကုမ္ပဏီလီမိတက် ဒါရိုက်တာဦးကျော်နိုင်တို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် သည်။

 

m စာမျက်နှာ ၄ မှ

ယင်းနောက် နိုင်ငံတော်သမ္မတက ၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံးပေးဆောင်ခဲ့ကြ သော ပုဂ္ဂလိကပိုင် နိုင်ငံခြားကုမ္ပဏီ များမှ တာဝန်ရှိသူများ ဖြစ်ကြသည့် Moattama Gas Transportation Co.,Ltd. Acting General Manager ဦးစိုးသောင်းမြင့်၊ Telenor Myanmar Ltd. Chief Corporate Affairs Officer Hans Marting Hoegh Henrichsen၊ Taninthayi Pipeline Company LLC (Myanmar Branch) Finance Manager ဒေါ်ခင်မိုးကြူ၊ Myanmar Yang Tse Copper Ltd. Chairman Mr. Zhang Yupeng နှင့် Myanmar Brewery Ltd. CSV Director ဒေါ်မေစံပယ်ဝင်းတို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဂုဏ်ပြုလွှာ ချီးမြှင့်

ထို့နောက် နိုင်ငံတော်သမ္မတက ၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့ကြသော ပုဂ္ဂလိကပိုင် နိုင်ငံခြားကုမ္ပဏီများမှ တာဝန်ရှိသူ များဖြစ်ကြသည့် Telenor Myanmar Ltd. Chief Business Officer ဒေါ်ယဉ်ယဉ်ဌေး၊ Ooredoo Myanmar Ltd. General Accounting Senior Manager ဒေါ်ဝိုင်းရည်မွန်၊ Myanmar Brewery Ltd. Chief Operating Officer ဦးကျော်ကြား၊ Virginia Tobacco Co.,Ltd. Deputy Managing Director ဦးမြင့်ဦးနှင့် Grand Royal Group International Co.,Ltd. Co-Chairman ဦးအောင်မိုး ကျော်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်သည်။

မှတ်တမ်းလွှာ ပေးအပ်

ဆက်လက်၍ နိုင်ငံတော်သမ္မတက ၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ်အတွက် အထူးကုန်စည်ခွန် အများဆုံးပေး ဆောင်ခဲ့ကြသော ပုဂ္ဂလိကပိုင် နိုင်ငံခြားကုမ္ပဏီများမှ တာဝန်ရှိသူ များဖြစ်ကြသည့် Myanmar Brewery Ltd. Deputy Managing Director ဦးစိုးကျော်သူ၊ Virginia Tobacco Co.,Ltd. Deputy Managing Director ဦးမြင့်ဦး၊ Grand Royal Group International Co.,Ltd. Co-Chairman ဦးအောင်မိုးကျော်၊ Heineken Myanmar Ltd. Corporate Affairs Director ဒေါ်မြတ်ဖြူသက်နှင့် Myanmar Carlsberg Co.,Ltd. Managing Director Mr. Christoph Varik တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်သည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံးပေးဆောင်ခဲ့ကြသော မြန်မာ ကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ တာဝန် ရှိသူများနှင့်လည်းကောင်း၊ ကုန်သွယ် လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့ ကြသော မြန်မာကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် လည်းကောင်း၊ အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့ကြသော မြန်မာ ကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ဝင်ငွေခွန် အများဆုံးပေးဆောင်ခဲ့ကြ သော ပုဂ္ဂလိကပိုင် နိုင်ငံခြားကုမ္ပဏီ များမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့ကြသော ပုဂ္ဂလိကပိုင် နိုင်ငံခြားကုမ္ပဏီများမှ တာဝန်ရှိသူ များနှင့်လည်းကောင်း၊ အထူးကုန်စည် ခွန် အများဆုံးပေးဆောင်ခဲ့ကြသော ပုဂ္ဂလိကပိုင် နိုင်ငံခြားကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။

 

အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးကျော် တင့်ဆွေ၊ ဦးမင်းသူ၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဒေါက်တာ သန်းမြင့်၊ ဦးဟန်ဇော်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်