နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

Image not available
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ
===========================================================
နေပြည်တော် ဖေဖော်ဝါရီ ၆
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးအုန်းမောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှထွက်ခွာရာ ရှမ်းပြည်နယ်(တောင်ပိုင်း)ဟဲဟိုးမြို့သို့ ရောက်ရှိကြသည်။
 
နိုင်ငံတော်သမ္မတမှ
နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားများက ရှမ်းရိုးရာ ကိန္နရီ ကိန္နရာအကဖြင့် ဟဲဟိုးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ရောက်ရှိ
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ တောင်ကြီးမြို့ သို့ ရောက်ရှိကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖ များနှင့် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိအနေဖြင့် ရှမ်းပြည်နယ်နေ့ အခမ်း အနားသို့ တက်ရောက်ရန် လာရောက် စဉ်တွင် ယခုကဲ့သို့ တွေ့ဆုံအမှာစကားပြောကြားခွင့်ရသည့်အတွက် များစွာ ဝမ်းမြောက်ပါကြောင်း၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးရပြီး ချိန်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ပေး ခဲ့ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတမှာ ရှမ်းပြည်နယ်မှ ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက် ဖြစ်ပါ ကြောင်း။'
သန္နိဋ္ဌာန်ချမှတ်ထား'
နိုင်ငံတော်အစိုးရအနေဖြင့် ဒီမို ကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်မည်ဟု သန္နိဋ္ဌာန် ချမှတ်ထားပါကြောင်း၊ ယင်းကို တာဝန်ရှိသူအားလုံးအနေဖြင့် အလေးအနက် သတိပြုကြစေလိုပါ ကြောင်း၊ တောင်တန်းမြေပြန့် မခွဲခြား ဘဲ ဒီမိုကရေစီအခွင့်အရေးများ ရရှိ စေရန် ပင်လုံစာချုပ်တွင် ပါရှိပါ ကြောင်း၊ နိုင်ငံတော်အစိုးရကလည်းဒီမိုကရေစီနိုင်ငံတော် တည်ဆောက် မည်ဟု မူဝါဒထားရှိပါကြောင်း။'
ဒီမိုကရေစီနိုင်ငံတည်ဆောက်ခြင်း အားဖြင့် ပြည်ထောင်စုဖွား တိုင်းရင်း သားများအားလုံး တန်းတူညီမျှသည့် အခွင့်အရေးများ ရရှိကြမည်ဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည်တို့တွင် တရားမျှတသည့် အခွင့် အရေးများရှိပါကြောင်း၊ ထို့အတူ တိုင်းရင်းသားများအားလုံး အဆင့် အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊တရားဥပဒေအရညီမျှမှုများ ရှိရမည် ဖြစ်ပါကြောင်း။'
မဏ္ဍိုင်ကြီး ၃ ရပ်'
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရား စီရင်ရေးမဏ္ဍိုင်ကြီး ၃ ရပ်တွင် ပါဝင် တာဝန်ထမ်းဆောင် နေကြသူများ အနေဖြင့် တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ ဘက်လိုက်မှု ကင်းပြီး ဥပဒေနှင့်အညီ တရားမျှတ သော စီမံဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုမျိုး ကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းမှာ ဒီမိုကရေစီ၏ အခြေခံအခွင့် အရေးဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အခွင့်အရေးရှိမှ လူ့အခွင့်အရေး ခံစား ခွင့်ရရှိမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု ရှိမည်ဖြစ်ပါကြောင်း၊ ထို့အတူ လူ့ အခွင့်အရေး ချိုးဖောက်ခံရလျှင် ဒီမို ကရေစီအခွင့်အရေး ဆုံးရှုံးမည်ဖြစ်ပြီးတရားဥပဒေမဲ့လာမည်ဖြစ်ပါကြောင်း၊ အလားတူ တရားဥပဒေစိုးမိုးမှုမရှိပါက လူ့အခွင့်အရေး ချိုးဖောက်ခံရမည် ဖြစ်ပြီး ဒီမိုကရေစီအခွင့်အရေးလည်းဆိတ်သုဉ်းသွားမည် ဖြစ်ပါကြောင်း၊ ယင်းသုံးခုမှာ တစ်ခုနှင့်တစ်ခု အပြန် အလှန် ချိတ်ဆက်နေပါကြောင်း၊ ထို့ကြောင့် မဏ္ဍိုင်ကြီး ၃ ရပ်တွင် '
တာဝန် ထမ်းဆောင်နေကြသည့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် အထူးဂရု စိုက်စေလိုပါကြောင်း၊ မိမိတာဝန် ထမ်းဆောင်သည့် ကာလတွင် နိုင်ငံ တော်၏မူဝါဒကို အတိအကျ မှန်မှန် ကန်ကန် အကောင်အထည်ဖော်ပေး စေလိုပါကြောင်း၊ တိုင်းရင်းသားများ ၏အခက်အခဲကို ဦးစားပေးဖြေရှင်း ပေးစေလိုပါကြောင်း။
တိုင်းရင်းသားများအားလုံး ဒီမို ကရေစီ အခွင့်အရေးရရှိပြီဆိုလျှင် သံသယများ၊ စိတ်ဝမ်းကွဲပြားမှုများ တဖြည်းဖြည်း လျော့နည်းပပျောက် လာမည်ဖြစ်ပါကြောင်း၊ ထိုသို့ လျော့နည်းပပျောက်လာမှသာလျှင် မိမိတို့ လိုလားတောင့်တနေသည့် ပြည်တွင်းငြိမ်းချမ်းရေးကိုရရှိမည်ဖြစ် ပါကြောင်း။
ညှိနှိုင်းပေါင်းစပ်
မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းကွဲပြားမှု များကို ပြည်ထောင်စု၏အလှတရား အဖြစ် ခံယူ၍ အတွေးအခေါ်၊ အယူ အဆကွဲပြားမှုများကို ညှိနှိုင်းပေါင်းစပ် ပြီး အင်အားအဖြစ် စုစည်းနိုင်မည် ဆိုပါက မိမိတို့၏ ပြည်ထောင်စုကြီး သည် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်း သားများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းရန်၊ ခေတ်နှင့်အညီ မြှင့်တင်ရန်နှင့် ရေရှည် တည်တံ့ခိုင်မြဲအောင် ပြုစုပျိုးထောင် နိုင်ရန် အားပေးနေပါကြောင်း။
လုပ်ဖော်ကိုင်ဖက်များသာဖြစ်
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီ ရင်ရေးမဏ္ဍိုင်ကြီး ၃ ရပ်သည် နိုင်ငံ တော်၏မူဝါဒဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် လာအောင် အပြန်အလှန်ညှိနှိုင်း ပေါင်းစပ်ရန် လိုအပ်ပါကြောင်း၊ မဏ္ဍိုင် ကြီး ၃ ရပ်တွင် တာဝန်ထမ်းဆောင် နေကြသူများသည် တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်ဘက်များ မဟုတ်ပါကြောင်း၊ မိတ်ဖက် လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ကြပါကြောင်း။
မိမိပြည်နယ်၊ မိမိဒေသအတွက် အကျိုးရှိမည်ဆိုပါက မည်သူ၏အတွေး အခေါ်၊ အယူအဆ၊ သဘောထား ဖြစ်ဖြစ် ကောင်းမွန်ပါက လက်ခံရမည် ဖြစ်ပါကြောင်း၊ မတူညီသည့် အယူအဆ၊ ကွဲပြားနေသည့် သဘောထားများကို ညှိနှိုင်းပေါင်းစပ်ပြီး မိမိပြည်နယ်၊ မိမိ ဒေသအတွက် အကျိုးရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ပေးရန် မူဝါဒချမှတ်ထားပါကြောင်း၊ အားလုံးဖွံ့ဖြိုးတိုးတက်မှ အားလုံး တည်ငြိမ်အေးချမ်းမည်ဖြစ်ပါကြောင်း။
ဥပဒေပြုရေးအပိုင်းတွင် မိမိတို့ ပြည်နယ်နှင့်ဆီလျော်သည့် ဥပဒေ၊ တည်ဆဲဥပဒေများနှင့် ဆီလျော် ညီညွတ်မှုရှိသည့် ဥပဒေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သည့် ဥပဒေမျိုးဖြစ်ရန် လိုအပ်ပါကြောင်း၊ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းများ ဆောင်ရွက်ရာတွင် လည်း လွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများအတိုင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
တရားစီရင်ရေး အပိုင်းတွင်လည်း လွတ်လပ်သည့် တရားစီရင်ခွင့်ပေးအပ် ထားပါကြောင်း၊ တရားစီရင်ရေး အပိုင်းကို အုပ်ချုပ်ရေးအပိုင်းနှင့် ဥပဒေပြုရေးအပိုင်းတို့က ဝင်ရောက် စွက်ဖက်ခြင်းမပြုရန် လိုအပ်ပါ ကြောင်း၊ အပြန်အလှန်စောင့်ကြည့် ထိန်းကျောင်းခြင်းကိုသာ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
ပြန်လည်ဆန်းစစ်သုံးသပ်
မိမိတို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကြီး တည် ဆောက်ရာတွင် ဝန်ထမ်းများအနေ ဖြင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် မိမိကိုယ်မိမိ မည်မျှပြောင်းလဲနိုင်သည်ကို ပြန်လည် ဆန်းစစ်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ ဝန်ထမ်းများအားလုံး အနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေး ကြရန် လိုအပ်ပါကြောင်း၊ တရားမျှတ သည့် လူ့အဖွဲ့အစည်းတည်ဆောက် နိုင်မှ ဒီမိုကရေစီတည်တံ့မည်ဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီတည်တံ့ခိုင်မြဲမှ ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်နိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး ရရှိမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး ရရှိမှ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက် ရေး ပြီးမြောက်အောင်မြင်အောင် မိမိ တို့အားလုံး တက်ညီလက်ညီ စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက် သွားကြရန် တိုက်တွန်းမေတ္တာရပ်ခံ ပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် သမ္မတသည် တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တရား သူကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေ အထောက်အကူပြုအဖွဲ့ဝင်များ၊“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ “ပအိုဝ်း” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် “ဓနု” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ဦးစီး အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြ သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ် များဖြင့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိ ကြရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က စီမံကိန်းရှုရပ်၌ စီမံကိန်းလုပ်ငန်း များ အကောင်အထည်ဖော်ဆောင် ရွက်နေမှုအခြေအနေကို စီမံကိန်းပုံစံ ငယ်ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် စီမံကိန်းရှုရပ်မှနေ၍ အထက်ကျိုင်း တောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် နိုင်ငံတော်သမ္မတ အား ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က စီမံကိန်းရှင်းလင်းဆောင်၌ ကျိုင်း တောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံဆိုင်ရာ အဓိကအချက်အလက် များ၊ နှစ်အလိုက် ဓာတ်အားထုတ် လုပ်မှုလျာထားချက်နှင့် အမှန်ထုတ် လုပ်နိုင်မှု၊ ကျိုင်းတောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ တစ် ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ်၊ ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံ မှ ပတ်ဝန်းကျင်မြို့၊ ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးထားရှိမှု အခြေ အနေ၊ အထက်ကျိုင်းတောင်းရေအား လျှပ်စစ်စီမံကိန်း၏ ရည်ရွယ်ချက်၊ စီမံကိန်းဖြစ်ပေါ်လာပုံ၊ စီမံကိန်းဖြစ် မြောက်နိုင်စွမ်းလေ့လာခဲ့မှုအခြေအနေ၊ ငွေလုံးငွေရင်းအသုံးစရိတ်၊ ရန်ပုံငွေ ရရှိသုံးစွဲမှုအခြေအနေ၊ အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းကြီးများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။
နိုင်ငံတော်သမ္မတက တင်ပြချက် များနှင့်စပ်လျဉ်း၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရာတွင် ဒေသခံများ အတွက် ဦးစားပေးဆောင်ရွက်ပေး ရန်၊ စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် စံချိန်စံညွှန်းပြည့်မီစေရေး၊ ဘဏ္ဍာငွေ အလေအလွင့်မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြား သည်။
 
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ရေထိန်း တံခါးပြွန်တည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေကိုသွားရောက်ကြည့်ရှုသည်။
ဆက်လက်၍ ရေသွယ်ဥမင်လိုဏ် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကာ လိုဏ်တူးစက်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ဝန်ထမ်းများအတွက် သစ်သီးခြင်း လက်ဆောင်ပေးအပ်သည်။
 
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် တောင်ကြီးမြို့ရှိ စူဠာမုနိလောကချမ်းသာစေတီတော် အား သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေကျပ် ငါးသိန်းကို ဂေါပကအဖွဲ့ ထံ ပေးအပ်လှူဒါန်းသည်။
 
သတင်းစဉ်