နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

============================================================================

 

နေပြည်တော် စက်တင်ဘာ ၁

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ ၄ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာ စေရေး၊ လယ်ယာစိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေးစသည့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့သွားရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်သွားနိုင်ရေး၊ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကူညီပံ့ပိုးပေးရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် အပြုသဘောဆောင် အကူအညီ ပေးသွားရေး၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ခရီးစဉ်တွင် ရရှိခဲ့သည့်

သဘောတူညီချက်များကို အရှိန် အဟုန်မပျက် အကောင်အထည်ဖော် ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု မြှင့်တင်ရန်အတွက် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် ၂၀၂၀ ကို စနစ်တကျ နှစ်ဖက်ညှိနှိုင်း စီစဉ်ဆောင်ရွက်သွားရေး၊ ပြည်သူများ အကြား ပုံမှန်ကူးလူးဆက်ဆံမှု အမြန် ဆုံး အကောင်အထည်ဖော် သွားနိုင် ရေးနှင့် မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်း အမှတ် အခမ်းအနားများ ကျင်းပသွား နိုင်ရေး၊ မြန်မာနိုင်ငံ၌ နိုဝင်ဘာလ အတွင်း ကျင်းပမည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေး ကိစ္စများကို ဆွေးနွေးကြသည်။

 

အမြင်ချင်းဖလှယ်

 

ထို့ပြင် နှစ်နိုင်ငံအကြား ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ဆက်လက် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်သွားရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးမင်းသူ၊ ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့်အတူ အဆင့်မြင့်အရာရှိ ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက်ကြသည်။

 

သတင်းစဉ်