
ပေကျင်း ဇွန် ၂၉
နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ Great Hall of the People ၌ ဇွန် ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ကျင်းပသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေး မူကြီး(၅)ရပ် ချမှတ်သည့် နှစ်(၇၀)ပြည့်အထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ သည်။
အခမ်းအနားတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာ ရှီကျင့်ဖျင်က လွန်ခဲ့သည့်နှစ်ပေါင်း (၇၀)အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်၏အရေးကြီးသည့် အနှစ် သာရနှင့် ကမ္ဘာလုံးဆိုင်ရာအရေး ကြီးသည့် ပြောင်းလဲမှုများအကြား လူသားများအတွက် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ထောင် ရန်လမ်းကြောင်း၏ ညွှန်ပြမှုတို့ကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဒေသ စံတော်ချိန်နံနက် ၁၁ နာရီတွင် ပြီးမြောက်ခဲ့သည်။
တက်ရောက်
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံ တော်သမ္မတ (ငြိမ်း)နှင့်အတူ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနှင့် မြန်မာနိုင်ငံမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပြီး ယင်းအခမ်းအနားသို့ နိုင်ငံအကြီး အကဲဟောင်းနှင့် အစိုးရအဖွဲ့ အကြီးအကဲဟောင်း၂၀ အပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ နိုင်ငံ တကာနှင့် ဒေသတွင်းအဖွဲ့အစည်း များ၊ သံတမန်ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ မီဒီယာနှင့် စီးပွား ရေးအသိုက်အဝန်းမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြ သည်။
ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် ကျောက်ယု ထိုင် နိုင်ငံတော်ဧည့်ဂေဟာရှိ Liuhe ခန်းမ၌ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာ ဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ (Mr. Wang Yi) က တည်ခင်းဧည့်ခံ သည့် နေ့လယ်စာစားပွဲသို့ တက် ရောက်ခဲ့သည်။
မိန့်ခွန်းပြောကြား
အဆိုပါနေ့လယ်စာစားပွဲတွင် ဗီယက်နမ် ကွန်မြူနစ်ပါတီဗဟို ကော်မတီနိုင်ငံရေးရာဗျူရိုအတွင်း ရေးမှူးဟောင်း Nong Due Manh၊ ဘရာဇီးလ်နိုင်ငံ သမ္မတဟောင်း Dilma Rousseff ၊ အီသီယိုးပီးယား နိုင်ငံ သမ္မတဟောင်း Mulatu Teshome Wirtu နှင့် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Dominique Marle Francois Galouzeau de Villepin တို့လည်း တက်ရောက် ကြပြီး နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်က နိုင်ငံများအကြား ဆက်ဆံရာတွင် သာတူညီမျှ နှင့်လေးစားမှုအတွက် စံချိန် စံညွှန်းများဖြင့် ကျင့်သုံးနိုင်အောင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကြီး (၅) ရပ်ကို စတင် အကောင်အထည်ဖော်ခဲ့မှု၊ ယင်း မူကြီး(၅)ရပ်ကို လိုက်နာကျင့်သုံး ကြသည့်နိုင်ငံများအကြား ပြဿနာ ရပ်များကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည့်အခြေအနေ တွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ယင်းမူကြီးများ၏ အရေးကြီးမှု တို့ကို မိန့်ခွန်း၌ ထည့်သွင်းပြော ကြားခဲ့သည်။
ညစာစားပွဲတက်ရောက်
ညနေပိုင်းတွင် နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် St.Regis ဟိုတယ်၌ တရုတ်ပြည်သူ့နိုင်ငံခြား ရေးရာအဖွဲ့အစည်း (Chinese People’s Institute of Foreign Affairs – CPIFA) ၏ ဥက္ကဋ္ဌ မစ္စတာ ဝမ်ချောင်က တည်ခင်း ဧည့်ခံသည့်ညစာစားပွဲသို့ တက် ရောက်ခဲ့သည်။
သတင်းစဉ်