
ရန်ကုန် ဇွန် ၁၅
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၊ ကောင်စီဝင်များ လပတ် ပုံမှန်အစည်းအဝေး(၃/၂၀၂၄)ကို ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) တက်ရောက် အမှာစကား ပြောကြားသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသည် တတိယသက်တမ်း ကာလအတွင်း သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်ဖွယ်ရာများကို ကောင်စီဝင် များက တက်ကြွစွာပါဝင်ဆောင်ရွက်နေသည့်အတွက် ကျေးဇူးတင် ပါကြောင်း၊ သတင်းမီဒီယာ ကောင်စီသည် မီဒီယာလုပ်ငန်း များကို ဆောင်ရွက်နေကြသည့် သတင်းမီဒီယာ အဖွဲ့အစည်းများ ကို သတင်းမီဒီယာဥပဒေ၊ သတင်း မီဒီယာကျင့်ဝတ်တို့နှင့် ညီညွတ်စွာ ဆောင်ရွက်နိုင်ရန် ထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ်နေ သော ဖြစ်စဉ်ဖြစ်ရပ်များအပေါ် သတင်းဌာနအသီးသီးက သတင်း မှန်ဖြစ်ရပ်မှန်များကို ထုတ်ပြန်နိုင် ရေး အထူးလိုအပ်ပါကြောင်း၊ သို့ရာတွင် တိုင်းပြည်အပေါ်သစ္စာမဲ့ သည့် မီဒီယာများက ထုတ်ပြန် သည့် မဟုတ်မမှန် သတင်းမှား များက ပြည်သူလူထုနှင့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ နစ်နာဆုံးရှုံးမှုကို ဖြစ်ပေါ်စေ ကြောင်း၊ ထိုအခြေအနေများ ကြောင့် ပြည်သူကို သတင်းမှန် သိရန်နှင့် သတင်းတုသတင်းမှား များကို ဝေဖန်စိစစ်နိုင်ရန်အတွက် ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ကို မိမိတို့ သက်တမ်းကာလ အတွင်း အကြိမ်များစွာဆောင် ရွက်ပေးလျက် ရှိပါကြောင်း၊
ကောင်စီဝင်များ အနေဖြင့် လည်း သတင်းမီဒီယာနယ်ပယ် တွင် မိမိတို့ တာဝန်ယူရသည့် ကဏ္ဍ အလိုက် အတွေ့အကြုံ ရင့်ကျက် ပြီးသူများဖြစ်၍ မီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းအားရှိ သလောက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေ လိုကြောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၏ လက်ရှိတတိယ သက်တမ်းကာလသည် မကြာမီ ကာလတွင် ကုန်ဆုံးတော့မည် ဖြစ်သော်လည်း နောင်ဆက်လက် တာဝန်ယူကြမည့် သက်တမ်း အတွက် မိမိတို့က စနစ်တကျ ဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း၊ ယနေ့ တက်ရောက်လာ သည့် ကောင်စီဝင်များကလည်း အတွေ့အကြုံရှိကြသူများပီပီ မိမိ တို့တာဝန်ယူနိုင်သည့် မီဒီယာ လုပ်ငန်းများကို ကြိုးစားဆောင် ရွက်သွားကြရန်နှင့် ယနေ့ နိုင်ငံတော်၏ အခြေအနေများကို မျက်ခြည်မပြတ် လေ့လာသိရှိ အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြား သည်။
ထို့နောက် တက်ရောက်လာ သည့် ကောင်စီဝင်များက လိုအပ် သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်