နိုင်ငံတော်တည်ငြိမ်ရေးနှင့် တိုင်းရင်းသားပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ အသိပေးထုတ်ပြန်ချက်

 

နေပြည်တော် ဒီဇင်ဘာ  ၃၁


နိုင်ငံတော်အစိုးရအနေဖြင့်   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ  တိုးမြှင့် လုပ်ဆောင်နိုင်ရေး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု   ဗဟိုကော်မတီ၊   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု  လုပ်ငန်းကော်မတီ၊   အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီများ ဖွဲ့စည်း၍   ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက်  လျင်မြန်လွယ်ကူ ထိရောက်စွာ ဆွေးနွေးဆောင်ရွက်နိုင်သည့် လမ်းကြောင်းများ ဖွင့်လှစ် ပေးခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ညှိနှိုင်း ဆွေးနွေးမှုများအား  ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ 

 


CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မြို့ကြီး အချို့တွင်   အကြမ်းဖက်လုပ်ရပ်များနှင့်   အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ  သတ်ဖြတ်မှုများ  ပြုလုပ်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက   တာဝန်သိပြည်သူများနှင့်   ပူးပေါင်း၍   ဖမ်းဆီးရမိရေးဆောင်ရွက် ခဲ့ရာ    မန္တလေးမြို့နှင့်   စစ်ကိုင်းတိုင်းဒေသကြီး၊   ကချင်ပြည်နယ်၊  ချင်းပြည်နယ်အပါအဝင်   အထက်မြန်မာပြည်မြို့ကြီးအချို့တို့တွင် ဖမ်းဆီးရမိသည့်  အကြမ်းဖက်သမားများနှင့် လက်နက်/ခဲယမ်းများ သည် KIA အဖွဲ့နှင့် TNLA အဖွဲ့များဖြင့် ဆက်နွှယ်ပတ်သက်မှုများရှိ ကြောင်း  တွေ့ရှိရသည်။  

 


ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ အထိ မြို့ကြီးအချို့တွင် အကြမ်း ဖက်မှု ၃၇၅၁ ကြိမ်ရှိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက  ထိန်းသိမ်းခဲ့ရမှု အနေဖြင့်   အကြမ်းဖက်သူ ၁၄၉၂ ဦး၊ လက်နက်မျိုးစုံ ၁၃၃ လက်၊ ခဲယမ်းမျိုးစုံ ၁၆၉၃ တောင့်၊ လက် ပစ်ဗုံး ၂၈ လုံး၊ လက်လုပ်မိုင်း ၂၁၇ လုံးနှင့်   အခြားဖောက်ခွဲဖျက်ဆီး ရေးပစ္စည်းများကို   သိမ်းဆည်း ရမိခဲ့သည်။  ထို့ပြင်  လုံခြုံရေး တပ်ဖွဲ့ဝင်များက  အကြမ်းဖက်မှု များ မရှိစေရေးအတွက်  ရှာဖွေ ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သူ ၉၉၅၈ ဦး၊ လက် နက်မျိုးစုံ ၃၄၁၇ လက်၊ ခဲယမ်း မျိုးစုံ ၁၆၁၅၀၀ တောင့်၊ လက်ပစ် ဗုံး  ၆၄၇ လုံး၊   လက်လုပ်မိုင်း ၆၈၉၅ လုံးနှင့်  အခြားဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများကို အချိန် မီ ဖော်ထုတ် တားဆီးထိန်းသိမ်းနိုင် ခဲ့သည်။

 


ယနေ့အထိ   အကြမ်းဖက် သမားများအား ဖမ်းဆီးရမိမှုအနေ ဖြင့်  မန္တလေးမြို့တွင်   ၃ ကြိမ်၊ တရားခံ ၆ ဦးနှင့်အတူ Type 81 သေနတ် ၂၀၀ လက်၊ Type 81 စက်သေနတ် ၂၀ လက်၊ K 2 – 5 သေနတ် ၄ လက်၊ M-79 ဗုံးပစ် လောင်ချာ ၁ လက်တို့အားလည်း ကောင်း၊  မုံရွာမြို့တွင်  ၁ ကြိမ်၊ တရားခံ   ၈  ဦးနှင့်အတူ   779 PADING III – S ၄၀ မမ ဗုံးပစ် လောင်ချာ ၁ လက် တို့အားလည်း ကောင်း ဖမ်းဆီးရရှိခဲ့ပြီး မန္တလေး မြို့နှင့် အထက်မြန်မာပြည် မြို့ကြီး အချို့မှ ဖမ်းဆီးရရှိမှု စုစုပေါင်း ၁၇ ကြိမ်၊ တရားခံ ၂၀၉ ဦးတို့နှင့်အတူ M-16 သေနတ် ၃ လက်၊ AK-47 သေနတ် ၅ လက်၊ M-22 သေနတ် ၄၀ လက်၊  ပစ္စတိုသေနတ်  ၁၇ လက်၊ K-22 သေနတ် ၆၁ လက်၊ K-12   သေနတ်  ၄ လက်၊  KA သေနတ် ၄ လက်၊ KO-3 သေနတ် ၁ လက်၊ KA လောင်ချာ ၂ လက်၊ K 2-5 သေနတ် အရှည် ၇၉ လက်၊ K 2-5 ခေါက်ဒင်သေနတ် ၃၆ လက်၊ Type-81 သေနတ် ၂၂၀ လက်၊ Type-81 စက်သေနတ် ၂၀ လက်၊ M-79 LL ၄၀ မမ ဗုံးပစ် လောင်ချာ   ၄၄  လက်၊   779 PADING III –S  ၄၀ မမ   ဗုံးပစ် လောင်ချာ ၁၂   လက်အပါအဝင် အခြားလက်နက်ငယ် မျိုးစုံ ၅၄၉ လက်တို့အား      လည်းကောင်း ဖမ်းဆီးနိုင်ခဲ့သည်။ 

 


ဖမ်းဆီးရမိသည့် အကြမ်း ဖက်သမားများအား စစ်ဆေးဖော် ထုတ်ချက်အရ  KIA အဖွဲ့တွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သူ ၄၃ ဦး၊ TNLA အဖွဲ့တွင် အကြမ်းဖက်ဖောက်ခွဲ ရေးသင်တန်း တက်ရောက်ခဲ့သူ ၃၇ ဦး တွေ့ရှိရပြီး ဖမ်းဆီးရမိသည့် လက်နက်/ခဲယမ်းများကိုစိစစ်ရာ Type-81  ရိုင်ဖယ်သေနတ် ၂၂၀ လက်၊ K2-5 သေနတ် အရှည် ၇၉ လက်၊ K-22 သေနတ် ၆၁ လက်၊ K2-5  ခေါက်ဒင်သေနတ်   ၃၆ လက်၊ Type-81 စက်သေနတ် ၂၀ လက်၊ K-12 သေနတ် ၄ လက်၊ KA   သေနတ်   ၄ လက်၊ KO-3 သေနတ် ၁ လက်၊ KA လောင်ချာ  ၂ လက်၊ လက်ပစ်ဗုံး ၇၅၉ လုံးတို့ မှာ KIA အဖွဲ့မှထုတ်လုပ်သည့် လက်နက်/    ခဲယမ်းများဖြစ် ကြောင်း ဖော်ထုတ်တွေ့ရှိရသည်။ 

 


တပ်မတော်အနေဖြင့် နိုင်ငံ တစ်ဝန်း   ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက်   ၂၀၁၅   ခုနှစ်၊ အောက်တိုဘာ    ၁၅   ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် NCA သဘောတူညီချက်ပါ အချက်များ ကို   တိကျစွာလေးစားလိုက်နာ ဆောင်ရွက်လျက်ရှိသည့်အပြင် “နိုင်ငံတော်နှင့် ပြည်သူတို့ လိုအပ် လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိအောင်  ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု     ရပ်စဲရေး သဘောတူစာချုပ်  (NCA)    ပါ အတိုင်း  တိကျစွာလိုက်နာသွား မည်”   ဟူသော   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ မူဝါဒ နှင့်အညီ တစ်နိုင်ငံလုံး ငြိမ်းချမ်းမှု ရရှိစေရေးအတွက်    ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ထို့ပြင် နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးကို  ဦးစားပေးလုပ်ငန်းအဖြစ်  ထားရှိ ၍   ရှေ့လုပ်ငန်းစဉ်      ၅  ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့ကိုချမှတ်၍ အကောင်အထည်ဖော်    ဆောင် ရွက်လျက်ရှိသည်။     သို့ဖြစ်၍ ကိုဗစ်-၁၉  ကပ်ရောဂါကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လူမှုစီးပွားထိခိုက်မှုနှင့်အတူ စိတ် နှလုံး    ထိခိုက်ခံစားနေရသော ကာလအတွင်း     တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အား လက်မှတ်ရေးထိုးထားသည် ဖြစ်စေ၊    လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆွေးနွေးဆဲ အခြေအနေ တွင်ဖြစ်စေ   တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊    ဒေသဖွံ့ဖြိုးရေး နှင့်   တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အတွက်  ထိခိုက်စေသော လုပ်ရပ်များအား ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ      ရပ်တန့်ကြရန် တိုက်တွန်းပါသည်။ နိုင်ငံတော်နှင့် ပြည်သူလူထု၏      တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ပျက်စီးစေသည့် မည်သည့်လုပ်ရပ် မဆို ထပ်မံလုပ်ဆောင်လာပါက  တပ်မတော်အနေဖြင့်    လိုအပ် သော  လုံခြုံရေးဆိုင်ရာ   ဆောင် ရွက်ချက်များကို       ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက  သတင်းထုတ်ပြန် ထားသည်။


သတင်းစဉ်