နိုင်ငံတကာ ကိုဗစ်-၁၉ သတင်းတိုထွာ

 

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက်

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် နိုဝင်ဘာ ၈ ရက်က သန်း ၂၅၀ ကျော် ရှိလာပြီဖြစ်ကြောင်း  ဂျွန်ဟော့ကင်းတက္ကသိုလ်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ 
တရုတ်နိုင်ငံ 
နိုဝင်ဘာ ၇ ရက်အထိ တရုတ်နိုင်ငံ ပြည်မ ကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၂ ဒသမ ၃၃ ဘီလီယံကျော် ရှိလာပြီဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏     သတင်း အချက်အလက်များအရ သိရသည်။ 
ဘင်္ဂလားဒေ့ရှ် 
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လာမည့်နှစ် ဇန်နဝါရီ မတိုင်မီ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၁၂၀ ကျော် ထိုးပေးနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက် လျက်ရှိသည်။ 
ရုရှား
ရုရှားနိုင်ငံတွင်   လွန်ခဲ့သော   ၂၄   နာရီက ကိုဗစ်-၁၉  ထပ်မံကူးစက်ဖြစ်ပွားသူ   ၃၉၄၀၀  ရှိလာသောကြောင့်   နိုင်ငံတစ်ဝန်း    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၈၈၃၄၄၉၅ ဦး ရှိလာ ပြီဖြစ်သည်။ 
သီရိလင်္ကာ
သီရိလင်္ကာနိုင်ငံတွင် အများပြည်သူနေရာ များသို့သွားလာရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးကတ်   ပြသရန်လိုကြောင်း   မဖြစ်မနေဥပဒေ ပြဋ္ဌာန်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။