နိုင်ငံ့ဝန်ထမ်းများအပါအဝင် အငြိမ်းစားဝန်ထမ်းများ၏ စား၊ ဝတ်၊ နေရေးအတွက် နိုင်ငံတော်မှ တတ်နိုင်သလောက် စီမံဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိ

 

နေပြည်တော်  ဇူလိုင်   ၅


ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ် စဉ်(၅/၂၀၂၄)ကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ် မှူးကြီး    မင်းအောင်လှိုင်   တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ   တက်ရောက်ကြပြီး  နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က          အဖွင့်အမှာစကား ပြောကြားရာတွင်    မိမိတို့အနေဖြင့်      နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်  အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့်   တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို    အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊  သာယာဝပြောရေးတွင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ် မှု  လုံခြုံချောမွေ့စေရေး၊    အေးချမ်းစွာဖြင့်   ပညာ သင်ကြားနိုင်ရေး၊    ပြည်သူများ   ကိုယ်စိတ်နှလုံး အေးချမ်းစွာဖြင့်   လုပ်ကိုင်နေထိုင်စားသောက်နိုင်ရေးတို့ပါဝင်ပြီး ကျယ်ပြန့်ပါကြောင်း။
တိုင်းပြည်သာယာဝပြောရေး
တိုင်းပြည်သာယာဝပြောရေးအတွက်   လိုအပ် သည့်   အပိုင်းကဏ္ဍအလိုက်   တစ်ချက်ချင်းခွဲခြား ပြောကြားသွားမည်ဖြစ်ကြောင်း။
လုံခြုံရေးပိုင်းနှင့်ပတ်သက်၍      လုံခြုံမှုရှိသည့် ဒေသများရှိသကဲ့သို့        အကြောင်းအမျိုးမျိုးကြောင့် တရားဥပဒေစိုးမိုးမှုလျော့ပါးလျက်ရှိသည့်  မြို့နယ် များနှင့်ဒေသများလည်းရှိကြောင်း၊   လူတစ်ဦးချင်း အနေဖြင့်    လုံခြုံရေးအသိ၊   လုံခြုံရေးသတိဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက လုံခြုံ ရေးဆိုင်ရာကိစ္စများ        အားကောင်းလာမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင် အဆင့်၊ မြို့နယ်အဆင့်၊   အဆင့်ဆင့်တို့တွင် လုံခြုံရေး ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ သွားလာဆောင်ရွက် ရာတွင် စနစ်တကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍   တာဝန်ရှိသူများအားလုံး အနေဖြင့် စနစ်တကျကြိုတင်ပြင်ဆင်ခြင်းနှင့် စနစ် တကျနေထိုင်ခြင်းများကို လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့်   ဆောင်ရွက်ကြမည်ဆိုပါက   လုံခြုံရေး ကျိုးပေါက်မှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း။
ကျောင်းသား၊    ကျောင်းသူများ   ပညာရည် သင်ကြားရေးနှင့်ပတ်သက်၍ ဘေးကင်းလုံခြုံစွာဖြင့် စိတ်အေးချမ်းသာစွာ   သင်ယူနိုင်ရေး  လိုအပ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို  ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊  တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိရေး  အုပ်ချုပ်သူများအနေဖြင့်  ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း၊    ကျောင်း ဖွင့်လှစ်၍ရသည့် ဒေသများ၌ ကျောင်းတက်ရောက်သူ များ  ရာနှုန်းပြည့်  တက်ရောက်နိုင်ရန်လိုကြောင်း၊ ကျောင်းသား၊  ကျောင်းသူများ၏ လုံခြုံရေးအတွက် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊  အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စနစ်တကျဝိုင်းဝန်း ဆောင်ရွက်ပေးမည်ဆိုပါက ကျောင်းသား၊ ကျောင်းသူ များအနေဖြင့်  လုံခြုံစိတ်ချစွာဖြင့်  ပညာသင်ကြား နိုင်မည်ဖြစ်ကြောင်း၊ ကျောင်းနေရာခိုင်နှုန်းများနှင့် တန်းစဉ်ကူးပြောင်းမှုများ   တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုရှိစေရေး       ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊  ပညာရေးပိုင်းဆိုင်ရာများ  တိုးတက်လာ မည်ဆိုပါက   ဒေသအလိုက်တိုးတက်ရေး၊    နိုင်ငံ တိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ် ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြား မှု မပြုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာ သင်ကြားနိုင်ရေး   ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
တိုင်းပြည်သာယာဝပြောရေးတွင် ပတ်ဝန်းကျင် ကောင်းများဖန်တီးပေးရန်လည်းလိုကြောင်း၊ မြို့ရွာ များအလိုက်၊ ဒေသအလိုက် လမ်းများသန့်ရှင်းသပ်ရပ် မှုရှိစေရေး၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုရား စေတီပုထိုးများ သန့်ရှင်းသာယာလှပမှုရှိနေစေရေး၊ ရေနုတ်မြောင်းများ၊  ချောင်းများ၊   ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက်   အမြဲ မပြတ် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စည်ပင် သာယာရေးပိုင်းဆိုင်ရာဝန်ထမ်းများ၏ ဆောင်ရွက်မှု များသာမက လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ် အလိုက်  နေထိုင်ကြသည့် ဒေသခံများ တစ်ဦးချင်းစီ အလိုက်    စည်းကမ်းရှိမှုဖြင့်   ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာလျှင်       ဒေသသာယာလှပမှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ စည်းကမ်းတကျဖြင့် အမှိုက်စွန့်ပစ်ခြင်း၊ မိမိတို့အိမ်၏  သန့်ရှင်းသာယာ လှပမှုကို   တာဝန်ယူဆောင်ရွက်ခြင်းဖြင့်  အိမ်တစ် အိမ်ချင်းစီမှအစပြု၍  ဒေသအလိုက်၊  မြို့အလိုက် သန့်ရှင်းသပ်ရပ်  သာယာလှပနေမည်ဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ပေါ်လာစေရေးအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံများအားလုံး အတူတကွ ဝိုင်းဝန်းဆောင်ရွက် ကြစေရေး      တွန်းအားပေး     ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
ပတ်ဝန်းကျင်စိမ်းလန်းသာယာလှပစိုပြည်စေ ရေးအတွက် သစ်ပင်ပန်းမန်များကိုလည်း စနစ်တကျ စိုက်ပျိုးကြရန်လိုကြောင်း၊ မိမိတို့မြို့နယ်၊ ဒေသနှင့် ကိုက်ညီသည့်  သစ်ပင်ပန်းမန်များ  စိုက်ပျိုးရန်နှင့် လူနေရပ်ကွက်များရှိ   ဝင်းခြံများအတွင်း  သစ်ပင် ပန်းမန်များ စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊  “ဝင်းခြံရှိ လျှင် သစ်ပင်ရှိရမည် ” ဆိုသည့်အတိုင်း အိမ်ဝင်းတိုင်း သစ်ပင်  ပန်းမန်ရှိရန်လိုပြီး   စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်လျှင် ပတ်ဝန်းကျင်ကောင်း များ   ဖြစ်လာမည်ဖြစ်ကြောင်း၊   မြို့ပတ်ဝန်းကျင် စိမ်းလန်းသာယာလှပစိုပြည်ရေးကို ဆောင်ရွက်သွား ရန်လိုသကဲ့သို့ ကျေးရွာများအလိုက်လည်း အရိပ်ရ လေကာပင်များနှင့်ထင်းစိုက်ခင်းများကို စနစ်တကျ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန်လိုကြောင်း။
အလားတူ  ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ ထိန်းသိမ်းကြပ်မတ်ရန် တာဝန်ရှိသူများ အနေဖြင့် မိမိတို့တာဝန်ယူထားရသည့် ဒေသအလိုက် လမ်းမကြီးများ   ဥပဒေနှင့်အညီ  လမ်းအင်္ဂါရပ်များ အတိုင်း စနစ်တကျရှိရန်၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ အမှတ်အသားများ   မှန်ကန်စွာ ရေးဆွဲထားရှိရန်လို ကြောင်း၊ မိမိတို့တာဝန်ကျရာ ဒေသအလိုက် ဖွံ့ဖြိုး တိုးတက်ရေး၊ သာယာစိမ်းစိုလှပရေးနှင့် စည်းကမ်း တကျဖြစ်စေရေးတို့အတွက် မည်ကဲ့သို့ဆောင်ရွက်ရ မည်ကို   အမြဲမပြတ်   စဉ်းစားဆောင်ရွက်နေကြရန် လိုကြောင်း။
စားရေရိက္ခာဖူလုံပေါများရေး
စားရေရိက္ခာဖူလုံပေါများရေးနှင့်  ပတ်သက်၍ အဓိကစားကုန်ဖြစ်သည့်   ဆန်သည်  မိမိတို့နိုင်ငံ အတွက် ဖူလုံမှုရှိပြီးဖြစ်ပြီး  ပြည်ပသို့လည်း နှစ်စဉ် တင်ပို့လျက်ရှိကြောင်း၊      အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်   ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိမှု   မရှိသည်ကို  တွေ့ရကြောင်း၊  ထို့ကြောင့် ပန်းတိုင်ရည်မှန်းချက်များအတိုင်း   ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက   ပြည်တွင်းဆန်လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပသို့လည်း ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ရှိပြီးသားစိုက်ပျိုးရေးထုတ်ကုန်များကို ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဆိုပါက   နိုင်ငံ၏   စီးပွားရေး အတွက်            များစွာအထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း။
ပြည်တွင်းဆီဖူလုံမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပဲပုပ်တို့ကို  အများစုစိုက်ပျိုးကြကြောင်း၊ အဆိုပါ      ဆီထွက်သီးနှံများ   အများဆုံးစိုက်ပျိုး သည့်     တိုင်းဒေသကြီးနှင့်    ပြည်နယ်များတွင်   ပန်းတိုင်ရည်မှန်းချက်များအတိုင်း  ထွက်ရှိစေရေး ဆောင်ရွက်မည်ဆိုပါက        ပြည်တွင်းဆီဖူလုံမှုကို များစွာအထောက်အကူပြုစေမည်         ဖြစ်ကြောင်း၊ အလားတူ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြ ရန်လိုကြောင်း၊   စိုက်ပျိုးရန်   ခွင့်ပြုပေးထားသည့် မြေများကို စနစ်တကျဖြင့်  အသုံးချရန်လိုကြောင်း၊ စားအုန်းဆီများကို   စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုလျက်ရှိကြောင်း၊ ရှိပြီးဖြစ်သည့် ဆီအုန်းပင် များမှ         ဆီသီးခိုင်အထွက်နှုန်း      ကောင်းစေရေး နည်းလမ်းရှာဖွေ         ဆောင်ရွက်ရန်လိုကြောင်း၊ စားအုန်းဆီအထွက်နှုန်းများ    ပိုမိုတိုးတက်စေရေး နည်းလမ်းများ              ရှာဖွေဆောင်ရွက်သွားရန်လို ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆီထွက်သီးနှံများ             အထွက်နှုန်းတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
ထို့ပြင်   အခြေခံစားကုန်ပစ္စည်းများတွင် မဖြစ် မနေလိုအပ်သည့်   အာလူး၊  ကြက်သွန်၊   ငရုတ်၊ ခရမ်းချဉ်နှင့်
အခြားသီးနှံများကိုလည်း    တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်        ဖူလုံမှုရှိအောင်ဆောင်ရွက်ရန် လိုကြောင်း၊        ပြည်တွင်းစားသုံးမှုဖူလုံမှုရှိပါက ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး မိမိတို့ နိုင်ငံမှထွက်ရှိသည့်     အခြေခံစားကုန်သီးနှံများကို ဝယ်ယူလိုသည့်         ပြည်ပဈေးကွက်လိုအပ်ချက်များ များစွာရှိပြီးဖြစ်သည့်အတွက် အထွက်နှုန်းတိုးတက် ကောင်းမွန်အောင်      ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
အလားတူ  စိုက်ပျိုးရေးလုပ်ငန်းများမှ   ထွက်ရှိ လာသည့်   ထွက်ကုန်များ၊   စွန့်ပစ်ပစ္စည်းများဖြင့် တိရစ္ဆာန်အစာပြုလုပ်၍          ကျွေးမွေးနိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့်   မွေးမြူရေးလုပ်ငန်းသည် ဆက်စပ်လျက်ရှိပြီး မိမိတို့သိရှိခြင်း  မရှိသေးသည့် မွေးမြူရေး နည်းစနစ်များ၊          ကျွေးမွေးမှုနည်းစနစ်များ ကို      စဉ်ဆက်မပြတ်လေ့လာခြင်းဖြင့်     မွေးမြူရေး  အထွက်နှုန်းတိုးတက်အောင်  ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ နိုင်ငံ့ GDP တိုးတက်ရေးနှင့်ဆက်စပ်မှုများ ဖြစ်သည့် စိုက်ပျိုးရေး၊   မွေးမြူရေးလုပ်ငန်းများကို  အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်လာမည်ဖြစ်ကြောင်း၊ GDP တွင် စိုက်ပျိုးရေး ကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီး ဟူ၍ရှိပြီး   စိုက်ပျိုးရေးကဏ္ဍကြီးတွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  သစ်တောထွက်ပစ္စည်းဟူ၍   ပါရှိ ကြောင်း၊ ယင်းတို့သည် ထုတ်ကုန်ပစ္စည်းများဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများကို   အခြေခံ၍   စက်မှုကဏ္ဍကို    ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စက်မှုကဏ္ဍမှ ထွက်ရှိ လာသည့်  ထုတ်ကုန်ပစ္စည်းများကို   ရောင်းချခြင်း၊   သယ်ယူခြင်း၊ ငွေပေးချေခြင်း၊ ပညာရေး၊  ကျန်းမာရေး လုပ်ငန်းများ   ဆောင်ရွက်ရာတွင်    အသုံးပြုခြင်း စသည်တို့ဖြင့် ဝန်ဆောင်မှုကဏ္ဍကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊  ထို့ကြောင့်  ယင်းကဏ္ဍကြီး  သုံးရပ် သည်  ဆက်စပ်မှုရှိပြီး တိုးတက်အောင် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊          အခြေခံအကျဆုံးဖြစ်သည့် စိုက်ပျိုးရေး၊  မွေးမြူရေးကို   အောင်မြင်တိုးတက် အောင်     ဆောင်ရွက်ခြင်းဖြင့်    စက်မှုကဏ္ဍကြီး၊          ဝန်ဆောင်မှုကဏ္ဍကြီးတို့သည်လည်း   အောင်မြင် တိုးတက်လာနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ GDP သည် လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် GDP တိုးတက်စေရေး ကွဲပြား သည့်  အခြေခံများလည်းရှိပြီး ယင်းအခြေခံအချက် များ    တိုးတက်ရန်   အလေးထား၍ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   အစိုးရအနေဖြင့်   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်  မူဝါဒများ ချမှတ်ပေးခြင်းဖြစ်ပြီး     ဒေသ အလိုက်    ဦးဆောင်သူများအနေဖြင့်  အကောင် အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်           မူဝါဒချမှတ်ပေးရမည်ဖြစ်သကဲ့သို့ အောင်မြင်မှုရှိစေရေးအတွက်လည်း ကြပ်မတ်ပေးရန် တာဝန်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မိမိတို့ ချမှတ်ထားသည့် မူဝါဒနှစ်ရပ်သည်လည်း အရှိန်ရလာ မည်ဖြစ်ကြောင်း။
လုပ်ငန်းဆောင်ရွက်မှုကဏ္ဍအလိုက်
မှတ်တမ်းများ စနစ်တကျ
ပြုစုထိန်းသိမ်းထားရှိရန်
မိမိတို့        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ   တာဝန်ယူဆောင်ရွက်ခဲ့သည့်      ကာလ တစ်လျှောက်  ဝန်ကြီးဌာနအလိုက်၊  တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် တိုးတက်ပြောင်းလဲမှု  ဖြစ်ပေါ် စေရန်    လုပ်ဆောင်ခဲ့သည်များ၊    တိုးတက်မှုများ၊ နိုင်ငံတော်အတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက် ခဲ့သူရှိကြောင်း၊   ဥပမာအားဖြင့်    မိမိတို့အစိုးရ လက်ထက်တွင် နေပြည်တော်၌ Naypyitaw State Academy ၊ နေပြည်တော် နည်းပညာတက္ကသိုလ်နှင့် အခြား   တံတားများ၊   လမ်းများကို    တည်ဆောက် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊         တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊  ထို့အပြင် အကြမ်းဖက်ဖျက်ဆီးမှုနှင့် အဖျက်အမှောင့် လုပ်ရပ်များကြောင့်   ထိခိုက်ပျက်စီးနစ်နာမှုများကို လည်း    မှန်မှန်ကန်ကန်ဖြင့်    စာရင်းပြုစုမှတ်တမ်း ထားရှိရန်လိုကြောင်း၊ မှတ်တမ်းများသည် သမိုင်းပင် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မှတ်တမ်းမှတ်ရာများ ရေးမှတ်မှုအားနည်းသဖြင့် အချို့သမိုင်းမှတ်တမ်းများ သည် ပျောက်ပျက်မှုများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် မှတ်တမ်းတင်ပြုစုသည့်        အလေ့အကျင့်ကို အလေးထား ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
လုံခြုံရေးနှင့်  ပတ်သက်၍လည်း  အထူးဂရုပြုဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ ဌာနအလိုက် လုံခြုံ ရေးဆိုင်ရာအချက်အလက်များ မပေါက်ကြားစေရန် အလေးထား ဆောင်ရွက်စေလိုကြောင်း၊  လုံခြုံရေး ဆိုင်ရာအချက်အလက်များ     ပေါက်ကြားအောင် ပြုလုပ်သူများကိုလည်း    ဖော်ထုတ်၍   အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကျောင်းသားလူငယ်များ စာဖတ်ခြင်းအလေ့အကျင့် ကောင်းများ  ဖြစ်ပေါ်စေရန်  ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ယင်းစာဖတ်ခြင်းမှတစ်ဆင့်  အသိပညာ ကောင်းများ ရရှိလာမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက် ရေး၊  နိုင်ငံတော်လုံခြုံရေးအတွက်   ဆောင်ရွက်လို သည့် အပြုသဘောဆောင်သည့်  စိတ်ဓာတ်များ ရရှိ လာမည်ဖြစ်ကြောင်း။
နိုင်ငံ့အရေးကို   စိတ်ဝင်စားသည့်   လူငယ်များ၊ လုပ်ငန်းရှင်များရှိကြောင်း၊ ၎င်းတို့ကို လက်တွဲခေါ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်    ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊  ဘဏ်များနှင့် ပတ်သက်၍ ဘဏ်စနစ်ကို ပြည်သူများ    ယုံကြည်စိတ်ချစွာ   အသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   ပြည်နယ်နှင့်တိုင်း ဒေသကြီးအလိုက် ဖွင့်လှစ်ထားသည့် ဘဏ်များကို လည်း   စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်ရန် လည်း   လိုအပ်ကြောင်း၊  ဥပဒေကို  ကျော်လွန်၍ လုပ်ဆောင်မှုများရှိပါက  နိုင်ငံ့စီးပွားရေးအတွက် အန္တရာယ်ရှိသဖြင့်   စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
INGO ၊ NGO များနှင့်ပတ်သက်၍လည်း အသင်း အဖွဲ့များစည်းကမ်းနှင့်အညီ   စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူမှုအဖွဲ့အစည်းများကို အကြောင်း ပြကာ စည်းကမ်းဖောက်ဖျက်မှုများရှိသဖြင့် INGO၊ NGO  နှင့်ပတ်သက်၍   စိစစ်ဆောင်ရွက်ရန်လိုအပ် ကြောင်း၊   ပြည်ပနှင့်ပတ်သက်သည့်   ကိစ္စရပ်များ တွင်   မိမိတို့အနေဖြင့် လွတ်လပ်၍   တက်ကြွပြီး ဘက်မလိုက်သော    နိုင်ငံခြားရေးမူဝါဒနှင့်အညီ ကျင့်သုံးလျက်ရှိကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး  ၅ ရပ်ပေါ်တွင်  အခြေခံ၍   နိုင်ငံ အားလုံးနှင့်  မိတ်ဝတ်မပျက်ဆက်ဆံရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊ ထို့ကြောင့်  ပြည်ပနိုင်ငံများ နှင့်နယ်နိမိတ်ထိစပ်နေသည့် ပြည်နယ်နှင့်တိုင်းဒေသ ကြီးများ၊ ဆက်ဆံဆောင်ရွက်နေရသည့် ဝန်ကြီးဌာန များအနေဖြင့်  နိုင်ငံတော်၏  နိုင်ငံခြားရေးမူဝါဒနှင့် အညီ   မှန်မှန်ကန်ကန်ဖြင့်  ဆက်ဆံဆောင်ရွက်ရန် လိုအပ်ကြောင်း။
ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ခြင်းလုပ်ငန်းများဖြစ်သည့်        လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလဆန်းမှစတင်၍      တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ဆောင်၍ရသည့်နေရာတိုင်း၌ ဆောင်ရွက်သွား မည်ဖြစ်ပြီး လုပ်ဆောင်ရန်  ကန့်သတ်ချက်ရှိသည့် နေရာများ၌လည်း အဖြစ်နိုင်ဆုံးကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊      လိုအပ်ပါက အဆင့်နှစ်ဆင့်ဖြင့်         ဆောင်ရွက်နိုင်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသွားသူများ ကိုလည်း    တိုင်းဒေသကြီးနှင့်   ပြည်နယ်အလိုက် စာရင်းဇယားကောက်ယူစိစစ်ရမည်   ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှသာ မဲစာရင်းများပြုစုရာတွင် မှန်ကန်မှုရှိမည်ဖြစ်ကြောင်း၊   လူဦးရေနှင့်   အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူပြီးမှ သာ မဲစာရင်းပြုစုခြင်းကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊          အဆင့်မြင့်ပညာသင်ယူနေသည့် ကျောင်းသား၊  ကျောင်းသူများအပါအဝင်   အရွယ် ရောက်ပြီးသူများအားလုံး   ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတို့နှင့်ပတ်သက်၍ သိရှိစေရေး၊   ဥပဒေနှင့် အကျွမ်းတဝင်ဖြစ်စေရေးအတွက်လည်း အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း။
မြို့ပြစီမံကိန်းများနှင့်       ပတ်သက်၍လည်း မှတ်တမ်းထားရန်လည်း လိုအပ်ကြောင်း၊ ယခင်နှစ် များက    မြို့ပြစီမံကိန်းများကို  ပြည်ပနိုင်ငံများ၏ အကြံဉာဏ်များဖြင့်     ဆောင်ရွက်ကြကြောင်း၊ စီမံကိန်းများ၊ မြေယာနှင့် မြေလွတ်မြေရိုင်းအသုံးချမှု များကိုလည်း တည်ဆဲဥပဒေနှင့်အညီဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအနေဖြင့်လည်း   မြို့နယ်၊  ခရိုင်အလိုက် ဆောင်ရွက်နေသည့်  စီမံကိန်းများကို   ကွင်းဆင်း စိစစ်ရန်လိုအပ်ကြောင်း၊       မြို့ရွာစီမံကိန်းများကို စနစ်တကျ ဆောင်ရွက်ကြရန်   မှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   နိဂုံးချုပ်အမှာစကားပြောကြားရာတွင်  နိုင်ငံတော်အဆင့်ဆောင်ရွက်ရန်  အခမ်း အနားကြီးနှစ်ခုရှိကြောင်း၊ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲနှင့် အမျိုးသားအားကစားပြိုင်ပွဲများကို    နိုင်ငံတော် အဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားအားကစားပြိုင်ပွဲကျင်းပရာတွင်လည်း     ခမ်းနား ထည်ဝါမှုထက် အရည်အသွေးရှိရှိ၊  အဆင့်အတန်း ရှိရှိ ယှဉ်ပြိုင်ကစားနိုင်သော အားကစားပြိုင်ပွဲဖြစ်စေ လိုကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ဦးတည်ဆောင်ရွက်သော လုပ်ငန်းဖြစ်၍ ရည်မှန်းချက် ဖော်ဆောင်နိုင်ရေးကို အဓိကထားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများအနေဖြင့် အဆင့်အတန်းရှိရှိ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ပေးကြ စေလိုကြောင်း၊ အခမ်းအနား ကျင်းပသည်ဆိုသည် ထက် အနှစ်သာရရှိသည့် အားကစားသမားများ၏ ယှဉ်ပြိုင်မှု    အရည်အသွေးကို   ဖော်ပြနိုင်ရန်ဖြစ် ကြောင်း၊ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲသည် မြန်မာ့ယဉ်ကျေး မှုကိုထိန်းသိမ်းရန်နှင့်           အမျိုးသားရေးစရိုက် လက္ခဏာကို ဖော်ကျူးရန် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ၎င်းကိစ္စနှစ်ရပ်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်နိုင်သော ပြိုင်ပွဲဖြစ်ရန်လိုကြောင်း၊ မကြာမီ ဗုဒ္ဓဘာသာဝင်များအလေးအမြတ်ထားသည့် ဝါတွင်း ကာလရောက်ရှိတော့မည်ဖြစ်ကြောင်း၊  ဝါတွင်းအခါ သမယတွင် ဆရာတော်၊ သံဃာတော်များ စိတ်ချမ်း မြေ့စွာဖြင့်  သီတင်းသီလ ဆောက်တည်နိုင်ရန်အတွက် ဆောင်ရွက်ပေးကြစေလိုကြောင်း။
နိုင်ငံ့ဝန်ထမ်းများ၏   သက်သာချောင်ချိရေး အတွက်     နိုင်ငံတော်မှ   စီမံဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ  အပါအဝင်  အငြိမ်းစား ဝန်ထမ်းများ၏ စား၊ ဝတ်၊ နေရေးအတွက် နိုင်ငံတော် မှ  တတ်နိုင်သလောက် စီမံဆောင်ရွက်ပေးရန် စီစဉ် လျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ခန့်အပ်ရာတွင် လည်း လိုအပ်သည့်နေရာများတွင်သာ စိစစ်ခန့်အပ် စေလိုကြောင်း၊  နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားသွန်ခွန်စိုက်ဖြင့် အားလုံးမှ ဝိုင်းဝန်းဆောင်ရွက် ကြစေလိုကြောင်း  ပြောကြားပြီး  အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်