
ဒါကာ နိုဝင်ဘာ ၂၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နိုဝင်ဘာ ၂၀ ရက်က တစ်နှစ်ခွဲအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ မရှိသည့် ပထမဦးဆုံးနေ့ အဖြစ် စံချိန်တင်ခဲ့သည်ဟု သိရ သည်။
၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက်မှ စတင်ရေတွက်လျှင် ယခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာ တိုင်းပြည် အတွင်း ကိုဗစ် -၁၉ ကြောင့် သေဆုံးသူမရှိသည့်နေ့ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံမှုများ အရှိန် အဟုန်ဖြင့် ပြုလုပ်ခဲ့သည့်အတွက် မကြာသေးမီ လများအတွင်း ကိုဗစ်- ၁၉ ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းမှာ သိသိသာသာ လျော့ကျလာခဲ့သည်။
ယခုနှစ် ဇန်နဝါရီလအတွင်း မှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၌ ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံမှုများ ပြုလုပ်ခဲ့သည်။ အိန္ဒိယ နိုင်ငံမှ ကာကွယ်ဆေးအချိန်မီ ရရှိရန် မသေချာမှုများကြား တွင် ပြည်သူများကို အက်စထရာ ဇနီကာ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပေးမှုကို ရပ်နားထား ခဲ့ရသည်။
ဇွန်လအတွင်း နိုင်ငံ၏အချို့ သောနေရာများတွင် တရုတ်ပြည် မှ လှူဒါန်းသော ဆီနိုဖမ်း ကာကွယ်ဆေးများ ရရှိခဲ့ပြီး နောက် ကာကွယ်ဆေးထိုးနှံမှု ပြန်လည်စတင်နိုင်ခဲ့သည်။
လတ်တလောတွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၌ ကိုဗစ် -၁၉ ကြောင့် သေဆုံးမှုနှုန်းမှာ ၁ ဒသမ ၇၈ ရာခိုင်နှုန်းရှိပြီး ပြန်လည်ကျန်းမာ လာသည့်နှုန်းမှာ ၉၇ ဒသမ ၇၂ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
ဆင်ဟွာ