
ရန်ကုန် ဒီဇင်ဘာ ၁၄
နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးများ၌ မီးလောင်မှု ၁၃၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာ နိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရ သည်။
မီးလောင်မှု ဖြစ်ပွားရာတွင် မီးဖိုမီး ရှစ်ကြိမ်၊ ပေါ့ဆမီး ၃၇ ကြိမ်၊ အလိုအလျောက်မီး နှစ်ကြိမ်၊ လျှပ်စစ်မီး ၃၅ ကြိမ်၊ မသမာသူ ရှို့မီး ၄၁ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၁၀ ကြိမ်ဖြစ်ပွားခဲ့သည်။ ဆုံးရှုံးမှု မှာအိမ်ခြေအဆောက်အအုံ ၄၅၉ လုံး၊ စက်ရုံအလုပ်ရုံ လေးရုံ၊ ဂိုဒေါင် နှစ်လုံးတို့ဖြစ်ပြီး သေဆုံးသူ ကိုးဦး၊ ဒဏ်ရာရသူ ခုနစ်ဦး နှင့် မီးဘေးဒုက္ခသည် ၁၀၈ ဦး ရှိကြောင်း သိရသည်။
မျိုမင်းသူရ