နမီးဘီးယားနိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈ ဦး ထပ်မံတွေ့ရှိ

ဝင်းဒေါ့စ်    ဒီဇင်ဘာ    ၆


နမီးဘီးယားနိုင်ငံ၌ ယနေ့တွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈ ဦးအား ထပ်မံစစ်ဆေးတွေ့ရှိခဲ့သဖြင့် အဆိုပါဗိုင်းရပ်စ်အပါအဝင် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက် ရေးအတွက်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   တာဝန်ရှိသူများက  ပြောကြား သည်။ 


နိုင်ငံအတွင်းလက်ရှိအချိန်၌  အိုမီခရွန်ဗီဇပြောင်း  ထပ်မံကူးစက်မှုမရှိစေရေး အတွက် အဆိုပါဗိုင်းရပ်စ်ကူးစက်ခံရသူများနှင့် အနီးကပ်နေထိုင်ခဲ့သူများအား ရှာဖွေ ကုသခြင်းအပါအဝင်  ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို   ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမီးဘီးယားနိုင်ငံသမ္မတ ဟက်ဂျိန်းအောက်စ်က ပြောကြားသည်။ နိုင်ငံအတွင်း ပွဲတော်ကျင်းပမည့်အချိန် နီးကပ်လာသည့်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများကို တင်းကျပ်စွာချမှတ်ရမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ 


ထို့ပြင် နမီးဘီးယားနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများကို ရင်ဆိုင် နေရသောကြောင့် လူအစုလိုက် အပြုံလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှု ခံယူရမည်ဖြစ်‌ကြောင်း  ကျန်းမာရေးဝန်ကြီး  ကာလန်ဘီရှန်ဂူလာက   ပြောကြား သည်။ 


အိုမီခရွန်ဗိုင်းရပ်စ်နှင့်ပတ်သက်၍ လိုအပ်သည့် အချက်အလက်များရရှိနိုင်ရန် ကြိုးပမ်းနေချိန်၌ ရောဂါကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ် ကြောင်း ၎င်းက ပြောကြားသည်။


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ