
နေပြည်တော် ဇွန် ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့၌ ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၁ ရက် ည ၈ နာရီတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့ အမှတ် (၁) မန့်ခမ်း ရပ်ကွက်တွင် မူဆယ်မှ နမ့်ခမ်းသို့ ခါးအောင် မောင်းနှင်လာသော TOYOTA HILUX REVO မော်တော် ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလိုနှင့် စိတ်ကြွဆေးပြား ၂ ဒသမ ၂၂ သိန်း သိမ်းဆည်းရမိခဲ့ ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ ကို ကွတ်ခိုင်မြို့နယ်မှ နမ့်ခမ်း မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများ ကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်