
နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး ညောင်လေး ပင်မြို့နယ် ထော်နွတ်ကျေးရွာ အနီးရှိ သံကူကွန်ကရစ် တံတား အား KNU အဖွဲ့မှ အကြမ်းဖက်မှု ကို လိုလားသောသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၃ နာရီတွင် ညောင်လေး ပင်မြို့နယ် ထော်နွတ်ကျေးရွာ အနီး ရန်ကုန် - မန္တလေးကားလမ်း ဟောင်း မိုင်တိုင်အမှတ် ၉၀ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားရှိ သံကူ ကွန်ကရစ် အမျိုးအစား (ဒေသ အခေါ်)တောင်ဘို့ ၃ လုံး တံတား အား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့သဖြင့် အဆိုပါတံတား၏ အရှေ့ ဘက် လက်ရန်းနှင့် ကြမ်းခင်းတို့ တွင် အလျား ၂၅ ပေ၊ အနံ ၁၀ ပေ ခန့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွား သည့် တံတားအား အများပြည်သူ ပြန်လည်အသုံးပြုနိုင်ရေး တာဝန် ရှိသူများက ပြင်ဆင်လျက်ရှိကြောင်း နှင့် အကြမ်းဖက်မှုကျူးလွန်သူ များအား ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေးနှင့်နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်