
ညောင်လေးပင် ဇူလိူင် ၂၇
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ အနိမ့်ပိုင်းနေရာများ ရေလွှမ်းမိုးခြင်း၊ စစ်တောင်းမြစ်ကမ်းပါး နေရာအချို့ပြိုကျခြင်း၊ လျှပ်စစ်မီးဓာတ်တိုင်များ ထိခိုက်ပျက်စီးကြောင်း သိရသည်။ ဇူလိူင် ၂၅ ရက်မှစတင်၍ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ညောင်လေးပင်မြို့ပေါ်ရှိ ရပ်ကွက်ငါးခုနှင့် မဒေါက်မြို့အပါအဝင် မဒေါက်မြို့အနီး စစ်တောင်းမြစ်ကမ်းပါးအနီးရှိကျေးရွာများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
ရေကြီးမှုကြောင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့အနီး ရွှေကျင်မြို့နယ် ဆုံကုန်းကျေးရွာ၌ စစ်တောင်း မြစ်ကမ်းပါး အနည်းငယ်ပြိုကျခြင်းနှင့် ဆုံကုန်းကျေးရွာနှင့် တာဦးကျေးရွာကို ဆက်သွယ်ထားသော ၁၁ ကေဗွီ စစ်တောင်းမြစ်ကူး ဓာတ်အားလိုင်းနှင့် ဓာတ်တိုင်များ ကျိုးကျပျက်စီးခဲ့သည်။ အဆိုပါ လျှပ်စစ် ဓာတ်အားလိုင်း ပျက်စီးမှုကြောင့် တာဦးကျေးရွာ၊ ရေပေါ်သောင်ကျေးရွာ၊ ဗောဓိကုန်းကျေးရွာ၊ ပြည်ကိုယ်တော်ကျေးရွာ၊ သောင်းကြီးကျေးရွာများ၌ လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း သိရ သည်။
နေလင်း(ညောင်လေးပင်)