
ညောင်လေးပင် ဩဂုတ် ၆
ပဲခူးမြို့အားကစားကွင်း၌ ဩဂုတ် ၅ ရက်က ကျင်းပပြုလုပ်ခဲ့သော ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၂၀)နှင့်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ညောင်လေးပင်ခရိုင်ကိုယ်စားပြု အမျိုး သမီး ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်လေး ပင်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင် ကျော်စိုးက ဂုဏ်ပြုအမှာစကား ပြောကြားကာ ညောင်လေးပင် ခရိုင်ကိုယ်စားပြု အသက် (၂၀) နှင့်အောက် အမျိုးသမီးဘောလုံး အသင်းဝင်များအား တာဝန်ရှိသူ များက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ညောင်လေး ပင်မြို့နယ် တပ်နယ်မှူး၊ ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ ဆုရ အမျိုးသမီးဘောလုံးအသင်းဝင် များနှင့် တာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ဂုဏ်ပြုနေ့လည်စာဧည့်ခံကျွေးမွေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)