ညောင်ဦးမြို့၌ ရေဘေးသင့်အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေး

 

ညောင်ဦး    ဇူလိုင်    ၁၂
မန္တလေးတိုင်းဒေသကြီး     ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေ     မြင့်တက်မှုကြောင့် ရေဝင်ရောက်လျက်ရှိသည့် အမှတ်(၁)ရပ်ကွက် နှင့် အမှတ်(၂)ရပ်ကွက်တို့မှ   ရေဘေးသင့် အိမ်ထောင်စုများအား  အန္တရာယ်ကင်းဝေး စေရန်နှင့် စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် ဇူလိုင် ၁၁ ရက်တွင် ခရိုင်နှင့် မြို့နယ် ရှာဖွေကယ်ဆယ်ရေး     တပ်ဖွဲ့ဝင်များက ဘေးလွတ်ရာသို့  ကူညီရွှေ့ပြောင်းပေးထား ကြောင်း သိရသည်။
ခရိုင်မီးသတ်ဦးစီးမှူး   ဦးသက်နိုင်၏ ကြီးကြပ်မှုဖြင့်  ခရိုင်နှင့်မြို့နယ်    ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ညောင်ဦးမြို့ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ ညောင်ဦးမြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု ၄၁၃ စုအား ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားရှိသည့် ရေဘေးရှောင်စခန်း ၁၅ နေရာသို့  နေရာများ ခွဲ၍  ကူညီရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။  
ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေ  စိုးရိမ် ရေမှတ်မှာ ၂၁၂၀ စင်တီမီတာဖြစ်ပြီး ဇူလိုင် ၁၂ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက် အရ ၂၂၄၇ စင်တင်မီတာသို့  ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်အထက် လေးပေ နှစ်လက်မ ခန့်  ကျော်လွန်ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ယာယီရေဘေးရှောင်စခန်းများ   ဖွင့်လှစ်၍ လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  
ရဲဝင်းနိုင် (ညောင်ဦး)