
နေပြည်တော် မတ် ၁၀
ညီမအရင်းကို တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့ သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နေ မခင်မျိုးသက်(ခ)နီနီစိုးနှင့် လှိုင်သာယာမြို့နယ်နေ မအေးအေး ခိုင်တို့က မခင်မျိုးသက်(ခ)နီနီစိုး၏ ညီမ အရင်း ဖြစ်သူ မ --- (၁၃ နှစ်)အား တရုတ်နိုင်ငံ တွင် တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း ၂၀ ရမည်၊ တစ်နှစ်ပေါင်းသင်းရ မည်၊ သုံးလပေါင်းသင်းပြီးပါက မိဘများနှင့် အဆက်အသွယ်ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံ ချွင်းချန်ဟော့မြို့နေ တရုတ် ယောကျ်ားထံ ပို့ဆောင်ရောင်းစားကာ ငွေကြေး အကျိုးအမြတ်များ ရယူခဲ့သဖြင့် ရွှေပြည်သာ မြို့မရဲစခန်း (ပ) ၂၅၅၂/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး တောင်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မတ် ၉ ရက်တွင် တရားခံ မခင်မျိုးသက် (ခ)နီနီစိုးနှင့် မအေးအေးခိုင်တို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်