ညီညာမှ ပြည်သာမည်

 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင်   စီးပွားရေးသည်   အရေးပါ သော်လည်း နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုကသာ  အရင်းခံကျသည်ဟု ပညာရှင်တို့က မိန့်ဆိုသည်။   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိရေး အတွက် လိုအပ်သော နိုင်ငံရေးအခြေအနေများ  ဖွဲ့စည်းဖြစ်ပေါ်လာ ခြင်းက နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ခြင်းပင်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်သော ကမ္ဘာ့နိုင်ငံကြီးများနှင့်မတူသောအချက်မှာ  ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် အားအနည်းဆုံးနယ်ပယ်သည်  အရေးအကြီးဆုံးဖြစ်သော နိုင်ငံရေးနယ်ပယ်ပင်ဖြစ်နေကြောင်းဖြင့်လည်း     ပညာရှင်များက ပြောကြသည်။

 


ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်စေသည့် အကြောင်း တရားများတွင် အမျိုးသားစုစည်းမှု (national  integration) နှင့် ပြည်သူတို့၏ လူမှုရေးစည်းကမ်း (social discipline) ထိန်းသိမ်းမှုတို့ က အရေးပါသည်။ အမျိုးသားစုစည်းမှုဟုဆိုရာတွင် တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်ခြင်း၊    နိုင်ငံတော်အတွင်း     နိုင်ငံတော် အာဏာရပ် ထိရောက်ပျံ့နှံ့ခြင်း၊ ခေါင်းဆောင်နှင့်ပြည်သူ တစ်သား တည်းရှိခြင်း၊ နိုင်ငံ၏အရေးအရာတွင် ပြည်သူများက စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူများ လူမှုရေးစည်းကမ်းထိန်းသိမ်း လိုက်နာခြင်းတို့ အားလုံးပါဝင်သည်။     နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်သူကို ဦးဆောင်စည်းရုံးခြင်း၊ ပြည်သူများအား အစွမ်းအစထုတ်၍ ကြိုးပမ်းနိုင်ရန်အတွက် အခြေအနေနှင့် အခွင့် အလမ်းများကို  ဖန်တီးပေးခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူ များ တစ်ခဲနက် ပါဝင်လာစေနိုင်မည့် ထိရောက်သော အဆောက်အအုံ များ  ဖွဲ့စည်းပေးခြင်းနှင့်  မှန်ကန်သောမူဝါဒများ   ချမှတ်ပေးခြင်းတို့ကို နိုင်ငံ၏ခေါင်းဆောင်များက    ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီး ခေါင်းဆောင်ကိုယ်တိုင်ကမူ  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပြင်းပြ သော   စိတ်အားထက်သန်မှု ရှိနေရမည်ဖြစ်ကာ  နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကို မိမိတို့လုပ်ဆောင်ရမည့် နိုင်ငံရေးလုပ်ငန်း၏  ဗဟိုချက်အဖြစ်  သတ်မှတ်ထားရမည်ဖြစ်သည်ဟုလည်း နိုင်ငံဖွံ့ဖြိုးရေးတို့ကို အထူးပြု လေ့လာသည့် သုတေသီတို့က ဆိုသည်။

 


‘‘တပ်မတော်အနေနဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေက  ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားများနဲ့အညီ  နိုင်ငံတော်ရဲ့အကျိုး၊   တိုင်းရင်းသား ပြည်သူလူထုရဲ့အကျိုးကိုသာ အစဉ်ရှေးရှုဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြော ဖို့နဲ့ စားရေရိက္ခာဖူလုံစေဖို့တို့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ တိုင်းရင်းသားပြည်သူတို့နဲ့အတူ တစ်စိတ်တစ်ဝမ်းတည်း တက်ညီ လက်ညီ  ဆက်လက်ပူးပေါင်းဆောင်ရွက်သွားပါ့မယ်။  “ညီညာမှ ပြည်သာမည်”ဖြစ်လို့ ကျွန်တော်တို့ရဲ့ စုစည်းအားနဲ့   တိုင်းပြည် သာယာဝပြောရေး  ဝိုင်းဝန်းတည်ဆောက်ကြပါစို့လို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်’’ဟူ၍ ၂၀၂၂ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြား ခဲ့သည်။ 

 


နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံအကျဆုံး လိုအပ်ချက်တစ်ရပ်မှာ ယင်းနိုင်ငံ၊ ယင်းအဖွဲ့အစည်း အတွင်း ဖွံ့ဖြိုးတိုးတက်ရေးစိတ်ဓာတ်များ ပျံ့နှံ့နေရန်နှင့် ခေါင်းဆောင် များက ပြည်သူလူထုကို စည်းရုံးခြင်း၊ စိတ်ဓာတ်တက်ကြွလာရေး လှုံ့ဆော်ပေးခြင်းတို့ လိုအပ်သည်။ ခေါင်း‌ဆောင်လုပ်သူက အဖျက် လှုံ့ဆော်ခြင်းနှင့် ပျက်စီးရေးစိတ်ဓာတ်များ ပျံ့နှံ့နေမည်ဆိုပါကလည်း ထိုနိုင်ငံ၊ ထိုလူ့အဖွဲ့အစည်း ပြိုကွဲပျက်စီးသွားမည်သာဖြစ်သည်။ မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ခြင်း၊ တည်ငြိမ်အေးချမ်းခြင်း၊ သာယာ ဝပြောခြင်းဟူသော ဝိသေသလက္ခဏာများနှင့် ပြည့်စုံသည့်နိုင်ငံ ဖြစ်ရေး  လှည်းနေလှေအောင်းမြင်းဇောင်းမကျန် နိုင်ငံတစ်ဝန်းလုံး နေ ပြည်သူတစ်ဦးချင်းစီတိုင်းက လိုလားကြဖို့လိုသည်။ 

 


အပြုစိတ်ကသာ   နိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်ရာ အပြု သဘောတို့ အားကောင်းလာရေးအတွက် အဖျက်စိတ်ဓာတ်၊ အဖျက် သဘောထားတို့ ပါးလျားပျောက်ကွယ်သွားဖို့လိုသည်။ အပြုသဘော ထား ညီညွတ်သော အမျိုးသားစုစည်းအားဖြင့်  တိုင်းနိုင်ငံသာယာ ဝပြောရေး အားထုတ်ကြိုးပမ်း     ဝိုင်းဝန်းတည်ဆောက်နိုင်ကြပါစေ ကြောင်း။                ။