ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် သဘောတူပါက မြောက်ကိုရီးယားနိုင်ငံအား အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း တောင်ကိုရီးယား ပြောကြား

ဆိုးလ်   အောက်တိုဘာ   ၂၀


မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ် ရန်  သဘောတူပါက  ၎င်းအပေါ်ချမှတ်ထားသော  အရေးယူ ပိတ်ဆို့မှုများကို  ဖြေလျှော့ပေးရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချန်အီယောင်းက  ယနေ့ ပြောကြားသည်။ 
မြောက်ကိုရီးယားနိုင်ငံ၏       နျူကလီးယားစွမ်းအင်နှင့် ဒုံးကျည်များ တိုးမြှင့်ထုတ်လုပ်နေမှုကို တားဆီးနိုင်ရန်အတွက် အရေးယူပိတ်ဆို့မှုများ    ချမှတ်ရခြင်းဖြစ်ကြောင်း   ၎င်းက ပြောကြားသည်။ 


ပြုံယမ်းသည် ယမန်နေ့က ရေငုပ်သင်္ဘောပေါ်မှပစ်ခတ်ရ သော  ဒုံးကျည်တစ်စင်းကို  အောင်မြင်စွာပစ်ခတ်ခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက     ကြေညာခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချန်အီယောင်းက အထက်ပါ အတိုင်း  ညှိနှိုင်းမှုများပြုလုပ်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။ 
မြောက်ကိုရီးယားအနေဖြင့် စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းသို့ လာရောက်မည်ဆိုပါက  ဆွေးနွေးမှုများ  ပြုလုပ်သွားမည်ဟု အမေရိကန်နိုင်ငံကလည်း   ပြောကြားကြောင်း   ချန်အီယောင်းက ဆိုသည်။ တောင်ကိုရီးယားသမ္မတမွန်ဂျေအင်း၏ ကိုရီးယားစစ်ပွဲ အဆုံးသတ်ကြောင်း ကြေညာရန်အဆိုပြုချက်သည် ကိုရီးယား ကျွန်းဆွယ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်ရန် ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးရန် ယုံကြည်မှု တည်ဆောက်ရေးအတွက်     ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချန်အီယောင်း ကပြောကြားသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ