ြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအတွက် စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်   မတ်   ၁၂
 
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်  နှင့် International  Institute  for Democracy   and   Electoral Assistance (International IDEA) အဖွဲ့တို့       ပူးပေါင်းကျင်းပသည့် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်  ပွဲ  စောင့်ကြည့်လေ့လာသူများအတွက်  စောင့်ကြည့်        လေ့လာခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်  စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ တွင်  နေပြည်တော်ရှိ  Grand Amara  Hotel ၌ ကျင်းပသည်။
 
အရေးကြီးသည့် လုပ်ငန်းစဉ်
 
ဆွေးနွေးပွဲတွင်         ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်         ဥက္ကဋ္ဌ ဦးလှသိန်းက              ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲကို ချမှတ်ထားသည့် စံ (၅)  ချက်နှင့် အညီ    အောင်မြင်စွာကျင်းပနိုင်ရေး အတွက်       မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ပါ လုပ်ငန်းစဉ်များ အတိုင်း              အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  မြန်မာ  နိုင်ငံသည်               ဒီမိုကရေစီစနစ်ကို ဖော်ဆောင်           နေသည့်အတွက် ရွေးကောက်ပွဲများ   ကျင်းပခြင်းသည် အရေးကြီးသည့်      လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း။
ရွေးကောက်ပွဲများနှင့် စပ်လျဉ်းပြီး  တရားမျှတမှုရှိခြင်း၊  ပွင့်လင်းမြင်သာမှု  ရှိခြင်း၊          အများယုံကြည်ရသည့် ရွေးကောက်ပွဲဖြစ်ခြင်း     စသည်တို့ကို ပြည်တွင်းသာမက   နိုင်ငံတကာအဖွဲ့ အစည်းများကပါ      စိတ်ဝင်တစား စောင့်ကြည့်ကြပါကြောင်း၊  ရွေးကောက် ပွဲ     စောင့်ကြည့်လေ့လာအကဲဖြတ် သည့် လုပ်ငန်းသည် ရွေးကောက်ပွဲများ ၏  ဂုဏ်သိက္ခာနှင့်  အဆင့်အတန်းကို တိုးတက်မြင့်မားလာစေသကဲ့သို့  ဒီမို ကရေစီစနစ်ကို ခိုင်မာစွာတည်ဆောက်  ရာတွင်လည်း  အထောက်အကူဖြစ်စေ ပါကြောင်း၊            ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ၌     ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို လေ့လာ ခွင့်ပြုခဲ့ရာတွင်  ဥပဒေ၊   နည်းဥပဒေ များနှင့်အညီ ဖြစ်စေရေးနှင့် လျှို့ဝှက် စွာ ဆန္ဒမဲပေးခြင်းကို  မထိခိုက်စေရန် အတွက် ကျင့်ဝတ်များ  ထုတ်ပြန်ပေးခဲ့ ပြီး  စောင့်ကြည့်လေ့လာမှုအတွက် ဆောင်ရွက်ရမည့်     လုပ်ငန်းစဉ်များ ကိုလည်း ထုတ်ပြန်ပေးခဲ့ပါကြောင်း။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ  သူများအနေဖြင့်     ရွေးကောက်ပွဲ၏ အရည်အသွေးကို  အကဲဖြတ်ရာတွင်  ရွေးကောက်ပွဲ            ကျင်းပသည့်နေ့ တစ်ရက်တည်းကို       စောင့်ကြည့်၍ အကဲဖြတ်ခြင်းထက်    ရွေးကောက်ပွဲ ဖြစ်စဉ်            တစ်ရပ်လုံးဖြစ်သည့် ရွေးကောက်ပွဲ            အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက် ပွဲနှောင်းပိုင်းကာလတို့တွင် ဆောင်ရွက် ရသည့်    လုပ်ငန်းစဉ်အဆင့်ဆင့်ကို  အကဲဖြတ်ရန်        လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲ   စောင့်ကြည့်လေ့လာသူ များထားရှိခြင်းကြောင့်      တရားမဲ့ ပြုကျင့်မှုများနှင့်            ရွေးကောက်ပွဲ မသမာမှုများ               လျှော့ချနိုင်ခြင်း၊ ကော်မရှင်၏     သမာသမတ်ကျမှုကို သိရှိကာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ နှင့်    ရလဒ်များအပေါ်    ယုံကြည်မှု ရှိလာစေခြင်း၊  စောင့်ကြည့်လေ့လာသူ များ၏     အစီရင်ခံစာပါအကြံပြုချက် များကို  သုံးသပ်၍  နောင်ကျင်းပမည့် ရွေးကောက်ပွဲများကို    ပိုမိုကောင်းမွန် စွာ ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုး ကျေးဇူးများရရှိမည်ဟု     ယုံကြည်ပါ ကြောင်း၊  ရွေးကောက်ပွဲ  စောင့်ကြည့်  လေ့လာသည့် လုပ်ငန်းသည် ကျယ်ပြန့် ပြီး နယ်ပယ်ပေါင်းစုံ၊   ကဏ္ဍပေါင်းစုံမှ  ပါဝင်ကြခြင်း            ဖြစ်သည့်အတွက် လုပ်ငန်းစဉ်များ     ဆောင်ရွက်ရာတွင်  ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  စနစ် တကျဖြစ်စေရန်နှင့်  တိကျလွယ်ကူစွာ ဆောင်ရွက်နိုင်သည့်                လုပ်ငန်း လမ်းညွှန်ဖြစ်စေရေး  ဝိုင်းဝန်းဆွေးနွေး ပေးကြရန်         တိုက်တွန်းလိုကြောင်း ပြောကြားသည်။
 
ထို့နောက်  International IDEA  အဖွဲ့မှ Mr. Manfred Bernhard  က  ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍   ရှင်းလင်း ပြောကြားသည်။
အဆိုပါ      အလုပ်ရုံဆွေးနွေးပွဲကို STEP Democracy     အစီအစဉ်ဖြင့် နှစ်ရက်တာ ကျင်းပမည်ဖြစ်ကြောင်း  သတင်းရရှိသည်။     
     သတင်းစဉ်