ဂျာမနီနိုင်ငံ၌ ကိုဗစ်- ၁၉ နေ့စဉ်ကူးစက်မှုနှုန်းမှာ ၅၀၀၀၀ ကျော်လွန်လာ

 

ဘာလင် နိုဝင်ဘာ ၁၂


ဂျာမနီနိုင်ငံတွင် နေ့စဉ်  ကိုဗစ်-၁၉  ကူးစက်မှုမှာ  နိုဝင်ဘာ ၁၁ ရက်     တစ်ရက်အတွင်း၌ပင် ၅၀၁၉၆ ဦးရှိခဲ့သည်ဟု ရောဘတ် ကို့ချ် အင်စတီကျုက ကြေညာခဲ့ သည်။  သေဆုံးသူအရေအတွက်မှာ ၂၃၅ ဦးရှိခဲ့သည်။ 

 


ဂျာမနီနိုင်ငံတွင်  တစ်ပတ် အတွင်း       ကူးစက်မှုနှုန်းမှာ ၁၀၀၀၀၀ တွင်  ၂၄၉ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။ 
အရှေ့ပိုင်း     ဆက်ဆိုနီ ပြည်နယ်တွင်   ယခုသီတင်းပတ် အတွင်း ကိုဗစ် -၁၉ တိုက်ဖျက်ရေး လှုပ်ရှားမှုများကို အင်အားကောင်း အောင်        ပြုလုပ်လျက်ရှိပြီး   စားသောက်ဆိုင်များတွင်လည်းကာကွယ်ဆေး အပြည့်ထိုးပြီးသား သို့မဟုတ်     မကြာသေးမီကမှ ရောဂါ  ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများသာ ဆိုင်ထိုင်စားသောက်ခွင့်ပေးမည် ဖြစ်သည်။ 

 


မြို့တော်ဘာလင်တွင်လည်း အလားတူ  နိုဝင်ဘာ  ၁၅   ရက်မှ စတင်ကာ   အလားတူကန့်သတ် ချက်မျိုး     လုပ်ဆောင်မည်ဖြစ် သည်။   ကာကွယ်ဆေးအပြည့် ထိုးပြီးသူ   သို့မဟုတ်  မကြာမီ အချိန်အတွင်းကမှ ရောဂါကူးစက် ခံရပြီး  ပြန်လည်ကျန်းမာလာသူ နှင့် ဆေးစစ်ချက်တွင်   ကင်းစင် ကြောင်း    ပြသနိုင်သူများကိုသာ လျှင်     လုပ်ငန်းခွင်အတွင်းသို့ ပြန်လည်   ဝင်ရောက်ခွင့်ပြုရန်  ဥပဒေကြမ်းကို ချမှတ်နိုင်သွားရန် လည်း ဂျာမနီပါလီမန်က မျှော်မှန်း ထားသည်။ 

 


ဂျာမနီနိုင်ငံတွင်  နိုဝင်ဘာ ၁၀ ရက်အထိ  လူပေါင်း ၅၆ သန်း ကို ကိုဗစ်- ၁၉ ကာကွယ်ဆေး အပြည့်     ထိုးပေးပြီးဖြစ်ကာ တိုင်းပြည်အတွင်း   ကာကွယ်ဆေး ထိုးပေးနိုင်သည့်နှုန်းမှာ    ၆၇  ဒသမ  ၃  ရာခိုင်နှုန်းရှိသည်ဟု ရောဘတ်ကို့ချ် အင်စတီကျုတွင် ဖော်ပြထားသည်။

အင်န်အိတ်ချ်ကေ