မြန်မာအားကစားအဖွဲ့ချုပ်များနှင့် အခြေခံအားကစားနည်းစနစ်များအကြောင်း ဟောပြောပို့ချမှုများအား ရုပ်မြင်သံကြားလိုင်းပေါင်းစုံမှ ရိုက်ကူးထုတ်လွှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာအားကစားအဖွဲ့ချုပ်များနှင့် အခြေခံအားကစားနည်းစနစ်များအကြောင်း ဟောပြောပို့ချမှုများအား ရုပ်မြင်သံကြားလိုင်းပေါင်းစုံမှ ရိုက်ကူးထုတ်လွှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

=============================================================

နေပြည်တော် ဩဂုတ် ၁၁

မြန်မာအားကစားအဖွဲ့ချုပ်များနှင့် အခြေခံအားကစားနည်း စနစ်များအကြောင်း ဟောပြောပို့ချမှုများအား ရုပ်မြင် သံကြားလိုင်းပေါင်းစုံမှ ရိုက်ကူးထုတ်လွှင့်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အိုလံပစ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အခြေခံ အားကစားနည်းများကို ရုပ်သံများမှ ဟောပြောခြင်း၊ နည်းစနစ်များ သရုပ်ပြသခြင်း၊ အခြေခံပညာကျောင်းများ တွင် ဟောပြောပွဲများပြုလုပ်ခြင်း၊ စနစ်တကျသင်ကြား ပြသခြင်းများကိုပြုလုပ်မှသာ လူငယ်များ ငယ်စဉ်မှစ၍ အားကစားနည်းအခြေခံကောင်းများသိရှိပြီး ထူးချွန်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း။

အားကစားအဖွဲ့ချုပ်များအနေဖြင့် သရုပ်ပြဟောပြော ရာတွင် လူငယ်များနားလည်လွယ်နိုင်သည့် အခြေခံနည်း စနစ်များကိုသာ ဦးစားပေးဆောင်ရွက်စေလိုပါကြောင်း၊ သို့မှသာ အခြေခံပညာကျောင်းများ၌ နွေ၊ မိုး၊ ဆောင်း အခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားရာတွင် ပိုမိုလွယ်ကူလာမည်ဖြစ်ပါကြောင်း။

 

ချိတ်ဆက်ဆောင်ရွက်

ပထမအဆင့်အနေဖြင့် SEA GAMES မှ အောင်မြင်မှု ရရှိနိုင်သည့် အားကစားနည်းများကို ပထမဦးစားပေး ရွေးချယ်ဆောင်ရွက်စေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဟောပြော သရုပ်ပြအစီအစဉ်ဆောင်ရွက်ရာတွင် တတ်နိုင်သမျှ မြန်မာ့ လက်ရွေးစင်ကစားသမားများကို ထည့်သွင်းအသုံးပြုစေ ခြင်းဖြင့် လူငယ်ကျောင်းသား ကျောင်းသူများ လေးစား အားကျအတုယူနိုင်မည်ဖြစ်ပါကြောင်း၊ ရုပ်သံဌာနများအနေ ဖြင့် အားကစားနည်းတစ်မျိုးကို ထုတ်လွှင့်ပြသနိုင်သည့် အချိန်ပေါ်မူတည်၍ အဖွဲ့ချုပ်များအနေဖြင့် စီစဉ်ဆောင်ရွက် ပြသသင့်ပါကြောင်း၊ အချိန်ကြာမြင့်ပါက အပိုင်းလိုက် ထုတ်လွှင့်ပြသနိုင်ရေး ရုပ်သံအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက် စေလိုပါကြောင်း၊ လာရောက်ရိုက်ကူးရာတွင် ရုပ်သံအဖွဲ့ များ၊ အဖွဲ့ချုပ်ထောက်ပံ့မှုကိစ္စရပ်များကို အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ပံ့ပိုးကူညီသွားမည် ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် ရိုက်ကူးမှုအစီအစဉ် များကို သေချာစွာအချိန်ယူပြင်ဆင်ဆောင်ရွက်ပြီး အဆင်သင့်ဖြစ်မှသာ ဦးစီးဌာနသို့ တစ်ပတ်ကြိုတင်အသိ ပေးစေလိုကြောင်း၊ ထိုမှတစ်ဆင့် ဦးစီးဌာနမှ ရုပ်သံဌာနများ ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြား သည်။

ထို့နောက် ဟောပြောသရုပ်ပြသမည့် အားကစားအဖွဲ့ ချုပ်အသီးသီးမှ ၎င်းတို့၏ အားကစားအခြေခံနည်းစနစ်များ ဟောပြောသရုပ်ပြသမည့်အစီစဉ်များ ကြာမြင့်နိုင်သည့် အချိန်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြ သော ရုပ်သံဌာနများက မိမိတို့ရုပ်သံဌာနများမှ ထုတ်လွှင့် ပြသနိုင်သော ရက်များ၊ အချိန်များနှင့် ရိုက်ကူးထုတ်လွှင့် ချင်သော ပုံစံများကို ညှိနှိုင်းဆွေးနွေးတင်ပြကြသည်။

 

ဆွေးနွေးအကြံပြု

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက အားကစားအဖွဲ့ချုပ်အသီးသီးမှ အခြေခံအားကစားနည်းများ ရုပ်သံထုတ်လွှင့်ပြသရာတွင် ပြည်သူများအခြေခံအားကစား နည်းစနစ်များကို လွယ်ကူရှင်းလင်းစွာ သိရှိနိုင်ရေး၊ လူငယ် ကျောင်းသားများ ကြည့်ရှုနိုင်သည့်အချိန် ပြသနိုင်ရေးနှင့် အခြားလိုအပ်သော အကြံဉာဏ်ကောင်းများကို ဝိုင်းဝန်း ဆွေးနွေးအကြံပြုကြပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်