
ဘရပ်ဆဲလ် နိုဝင်ဘာ ၁၄
နယ်သာလန်နှင့် ဩစတြီးယားနိုင်ငံတို့တွင် ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှု စံချိန်တင်များပြားနေသည့် အတွက် ကိုဗစ် -၁၉ ကန့်သတ်ချက်များကို ပြန်လည် ထားရှိနေပြီဟု သိရသည်။
နယ်သာလန်နိုင်ငံတွင် နိုဝင်ဘာ ၁၁ ရက်က နေ့စဉ်ကူးစက်မှုနှုန်းမှာ ၁၆၀၀၀ ကျော်ရှိသည်။ နယ်သာလန်နိုင်ငံတွင် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပြီးဖြစ်သည်။ နယ်သာ လန်အစိုးရသည် လူမှုဝေးကွာအစီအစဉ်များကို နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ ပြန်လည်တင်းကျပ် နေပြီဖြစ်သည်။
စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဆေးဆိုင် များနှင့် အခြားသောမရှိမဖြစ်လိုအပ်သည့် ဆိုင်များကို ည ၈နာရီအထိ ဖွင့်ခွင့်ပေးထားသည်။ အရေး တကြီး မလိုအပ်သည့်ဆိုင်များကိုမူ ညနေ ၆ နာရီ အထိသာ ဖွင့်ခွင့်ပေးထားသည်။ ဒီဇင်ဘာ ၄ ရက် အထိ ဆိုင်ဖွင့်ချိန်ကို လျှော့ချထားမည်ဖြစ်သည်။ ဩစတြီးယားနိုင်ငံတွင်လည်း နေ့စဉ်ကူးစက်မှုနှုန်းမှာ များပြားနေပြီး ၁၀၀၀၀ ကျော်ရှိသည်။
အစိုးရသည် ကာကွယ်ဆေးမထိုးရသေးသူများ ကို စည်းကမ်းတင်းကျပ်မှုများ ပြုလုပ်နေသည်။ နိုဝင် ဘာ ၁၅ ရက်မှစတင်ကာ စားသောက်ဆိုင်များနှင့်ယမကာဆိုင်များတွင် ကာကွယ်ဆေးမထိုးရသေးသူ များကို ကန့်သတ်သွားမည်ဖြစ်သည်။ ထို့ပြင် ကာကွယ်ဆေးမထိုးရသေးသူများ မလိုအပ်ဘဲ အပြင် ထွက်ခြင်းကို တားမြစ်ထားသည်။
နိုင်ငံတစ်ဝန်း ကန့်သတ်ချက်များကို တိုးမြှင့်သွား မည်ဟုလည်း အစိုးရက ပြောသည်။
အင်န်အိတ်ချ်ကေ