
ထွန်းကျော်
ပိုလန်-ဘီလာရုစ်နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ ရွှေ့ပြောင်း နေထိုင်သူများ အခက်အခဲအကျပ်အတည်းဟာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဒုံရင်းအခြေအနေပြန်လည်ရောက်ရှိလာတဲ့အတွက် အဲဒီမှာရှိတဲ့ ဒေသခံတွေဟာ ဒီအခက်အခဲအကျပ်အတည်းကြီး ပိုပြီးပြင်းထန်တဲ့ အခြေအနေဖြစ်လာမှာကို စိုးရိမ် နေကြပါတယ်။ တချို့ကလည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဖြေရှင်းမှုတွေ လုပ်ပေးဖို့ တောင်းဆိုနေ ကြပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေ ပိတ်မိနေ
အဓိကအားဖြင့် အရှေ့အလယ်ပိုင်းက ရွှေ့ပြောင်း နေထိုင်သူ ရာပေါင်းများစွာဟာ ပိုလန်ကျေးရွာ ကုဇ်နီကာနား ဘီလာရုစ်နယ်စပ်ဘက်မှာ ပိတ်မိ နေတယ်လို့ ပိုလန်စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ် တွေက ဖော်ပြထားပါတယ်။
ပိုလန်အစိုးရက ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်မှုကို ငြင်းဆိုထားပြီး နယ်စပ်နဲ့ သုံးကီလို မီတာအတွင်း ဘယ်မှမသွားရဇုန်တစ်ခုကို စက်တင် ဘာလက ဖန်တီးပေးထားခဲ့ပါတယ်။ အဲဒီကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေသခံတွေပဲ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပါတယ်။
တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်ချထား
အဲဒီမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ကူညီဖို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀၀ နီးပါးကိုလည်း ဖြန့်ကြက် ချထားပါတယ်။
ဒါပေမယ့် တချို့ ရွှေ့ပြောင်းသွားလာသူတွေဟာ နိုင်ငံနှစ်ခုကို ခွပြီးဖြစ်ပေါ်နေတဲ့ ထူထဲတဲ့တောအုပ် ကိုဖြတ်ကျော်ပြီး နယ်စပ်ကို ဖြတ်သန်းနေကြ ပါတယ်။ သူတို့ဟာ တစ်ခါတစ်ရံမှာ အပူချိန် ဆက်လက်ကျဆင်းနေပြီး အေးခဲနေတဲ့အခြေအနေ မှာ အမိုးအကာမရှိတဲ့ လဟာပြင်ထဲမှာ ညတွေကို ကုန်ဆုံးခဲ့ပါတယ်။
ဖြေရှင်းဖို့ သက်ဆိုင်ရာနိုင်ငံတွေကို တိုက်တွန်း
ဒီအခြေအနေဟာ ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး မီရှဲလ်ဘာချလက်အတွက် စိတ်ပျက်စရာ ဝေဖန်စရာတွေ ဖြစ်လာပါတယ်။
ဒီရွှေ့ပြောင်းနေထိုင်သူတွေ အခက်အခဲအကျပ် အတည်းကို ပိုပြီးပြင်းထန်မသွားအောင် လုပ်ဆောင် ဖို့နဲ့ ဒီလိုလက်မခံနိုင်တဲ့အခြေအနေကို နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနဲ့ ဒုက္ခသည်ဥပဒေများနဲ့အညီ ဖြေရှင်းပေးဖို့ သက်ဆိုင်ရာနိုင်ငံတွေကို တိုက်တွန်း တယ်ဆိုပြီး သူက ကြေညာချက်ထုတ်ပြန်ထား ပါတယ်။
ဒီအခြေအနေပိုဆိုးလာမှာကို စိုးရိမ်
ရွှေ့ပြောင်း အခြေချနေထိုင်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နားလည် စာနာမှုတွေနဲ့အတူ ဒေသခံတွေဟာ ဒီအခြေအနေကို ပိုဆိုးလာမှာကို စိုးရိမ်နေကြပါတယ်။
“ညဘက်တွေမှာ အပြင်ထွက်ရမှာကိုတောင် ကြောက်နေတယ်” လို့ ကုဇ်နီကာမှာနေတဲ့ အသက် ၁၆ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မာတေနာဘိုက်ရောက်စ်က ပြောပါတယ်။ သူဟာ ဘယ်မှမသွားရဇုန်အပြင် ဘက်မှာ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။
တကယ့်ကို ခံစားရပါတယ်
“သူတို့တွေဟာ ဆာလောင်မွတ်သိပ်ပြီး ချမ်းအေးနေကြတယ်။ သူတို့ဟာ ရမ်းကားကြမ်း တမ်းကြတယ်။ သူတို့တွေအတွက် တကယ့်ကို ခံစားရပါတယ်။ ဒါပေမယ့် သူတို့ဘာတွေလုပ်နိုင်လဲ ဆိုတာ မင်းတို့မသိဘူး”လို့ မာတေနာက တစ်မနက် ခင်းမှာ ပြောလိုက်ပါတယ်။
သူ့အဘွားက သူ့အိမ်အနောက်ဘက်ဥယျာဉ်ထဲ မှာ ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်ထားတဲ့ လက္ခဏာတွေတွေ့တယ်။ သူငယ်ချင်းတစ်ယောက် ကလည်း သူ့မိသားစုရဲ့ အပင်များစိုက်ပျိုးရာ အဆောက်အအုံတစ်ခုမှာ သူတို့ကိုတွေ့ခဲ့တယ်လို့ပြောပါတယ်။
ကူညီမှုတွေ လုပ်ဆောင်ပေး
ကြက်ခြေနီအဖွဲ့ကလည်း Bialystok မှာရှိတဲ့ သူတို့စင်တာကနေပြီး ဒုက္ခသည်ကယ်ဆယ်ရေး ဆိုင်ရာ အကူအညီတွေ ပံ့ပိုးကူညီပေးနေတယ် လို့ ဒေသဆိုင်ရာညွှန်ကြားရေးမှူး Elzbieta Paszkowska က ပြောပါတယ်။ Bialystok မှာ အဓိကထောက်ပံ့ပို့ဆောင်ရေးနေရာတစ်ခု တည် ထောင်ထားပြီး ကူညီပေးရေးလုပ်သားတွေကို အဝတ်အထည်၊ အစားအစာနဲ့ ဆေးပစ္စည်းတွေ ပါဝင်တဲ့ ကုန်ပစ္စည်းတွေ လာပြီးယူနိုင်အောင် စီစဉ် ထားပါတယ်လို့ သူကပြောပါတယ်။
ဒါပေမယ့် ကူညီပေးရေးလုပ်သားတွေကို နယ်စပ်ဇုန်တွေကို သွားလာခွင့်မပြုပါဘူး။ မိမိတို့ အနေနဲ့ အဲဒီမှာရှိတဲ့ ရွှေ့ပြောင်းသွားလာသူတွေ အတွက် အကူအညီတွေကို တက်တက်ကြွကြွနဲ့ မပေးနိုင်သေးပါဘူးလို့ သူကပြောပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်
ရွှေ့ပြောင်းနေထိုင်သူအများအပြား ကျန်းမာ ရေးစောင့်ရှောက်မှုတွေ လိုအပ်ပါတယ်လို့ စေတနာ ရှင်အုပ်စုတစ်စုဖြစ်တဲ့ နယ်စပ်အုပ်စု ဆေးဘက် ဆိုင်ရာ ဆရာဝန်ဖြစ်သူ ပေါ်လီနာဘိုးနစ်ခ်က ပြောပါတယ်။
သူတို့နေမကောင်းဖြစ်နေရင်တောင် သူတို့တွေ အနေနဲ့ ဆေးရုံကို မသွားရဲကြဘူး။ သူ့အနေနဲ့ ရွှေ့ပြောင်းသွားလာသူတွေကို ဘယ်မှမသွားရဇုန် အပြင်ဘက်မှာ တတ်နိုင်သလောက် ကူညီပေး နေတယ်။
ဒါပေမယ့် သူတို့တွေအနေနဲ့ ဘယ်အချိန်မှာ အထဲကိုဝင်ပြီး ကူညီပေးလို့ရမလဲဆိုတာ မသိသေး ဘူးလို့ သူကပြောပါတယ်။ ဒါက အတော်လေး ဆိုးရွားပါတယ်။ သူတို့ဟာ ကလေးတွေရှိတဲ့ မိသားစုတွေဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ လည်း ပါဝင်ပါတယ်လို့ ပြောပါတယ်။
မကျေမလည်ဖြစ်စေ
ဘီလာရုစ်နဲ့ ပိုလန်တို့ဟာ မကြာသေးမီကာလ တွေက မကျေမလည်ဖြစ်ထားကြပါတယ်။ ပိုလန် က ရွှေ့ပြောင်းသွားလာသူတွေကို အားပေး အားမြှောက်လုပ်ပြီး ဒုက္ခသည်တွေကို ပိုလန်နဲ့ ဥရောပသမဂ္ဂကို ဖြတ်သန်းသွားလာစေတယ်လို့ ဆိုပြီး ဘီလာရုစ်ကို စွပ်စွဲထားပါတယ်။
ထို့အတူ ဘီလာရုစ်ကလည်း ပိုလန်ဟာ အသိပေး ကြေညာခြင်းမရှိဘဲ နယ်စပ်မှာ တပ်ဖြန့်ထားခြင်းက အခြေအနေတွေကို ပိုဆိုးစေပြီး တင်းမာမှုတွေကို မြင့်တက်စေတယ်လို့ ပြောပါတယ်။ ။
ကိုးကား ဆင်ဟွာ