
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေးဆိုင်ရာ
ခန်းမတွင်းနေရာချထားရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပ
======================================================
နေပြည်တော် ဩဂုတ် ၁၁
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကျင်းပရေးအတွက် ကြိုဆိုနေရာချထားရေး နှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီနှင့် ခန်းမတွင်း နေရာချထားရေး လုပ်ငန်းကော်မတီတို့၏ ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ခန်းမတွင်းနေရာချထားရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်က မိမိတို့ ခန်းမတွင်းနေရာ ချထားရေးလုပ်ငန်းကော်မတီအနေဖြင့် ယခင်ညီလာခံ အစည်းအဝေးများ ကျင်းပစဉ်က တာဝန်ယူခဲ့သည့် အတွေ့ အကြုံကောင်းများ ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခုတစ်ကြိမ်တွင်လည်း မိမိတို့၏ လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင် အဆင်ပြေပြေ ဆောင်ရွက်နိုင်ရေး အတွက် ကော်မတီဝင်များအားလုံးက တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဧည့်သည်များ စတင်ဝင်ရောက်သည့်အချိန်မှစ၍ ညီလာခံ ပြီးဆုံးသည့်အချိန်အထိ ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ် များကို အသေးစိတ်စဉ်းစားသုံးသပ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ယခုကျင်းပ မည့် ညီလာခံသည် ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားခဲ့သည့် ကူးစက် မြန် ပြင်းထန် ကိုဗစ်-၁၉ ရောဂါ၏ ကန့်သတ်ချက်များ ကြောင့် ကိုယ်စားလှယ်အရေအတွက် လျော့နည်းခဲ့ပါ ကြောင်း၊ မိမိတို့အနေဖြင့်လည်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းစဉ်းစား ဖြည့်ဆည်းရမည့် အချက်အလက်များကို ဆွေးနွေးပေး ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ခန်းမတွင်းနေရာချထားရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက MICC-1 နှင့် MICC-2 တို့တွင် ပြင်ဆင်ဆောင်ရွက်ထားသည့် အခြေအနေ များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ နှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ အတွက် ဖြည့်စွက်အကြံပြုချက်များကို ရှင်းလင်းတင်ပြကြ သည်။
အစည်းအဝေးအပြီးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ခန်းမတွင်း နေရာချထားရေး လုပ်ငန်းကော်မတီ၏ MICC-1 နှင့် MICC-2 တို့တွင် ခင်းကျင်းပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ကြိုဆိုနေရာချထား ရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီ၏ ဟိုတယ် အသီးသီးတွင် ကြိုဆိုနေရာချထားရေးအတွက် ဆောင်ရွက် ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တင်ပြ ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်