
ကွာလာလမ်ပူ နိုဝင်ဘာ ၁၄
မလေးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၈၀၉ ဦးရှိခြင်းကြောင့် ကူးစက် ခံရသူပေါင်း ၂၅၄၁၁၄၇ ဦးရှိလာကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၈၀၉ ဦးအနက် ၅၇၈၂ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၂၇ ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ အနက်မှ ကူးစက်ခံရသူများဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်သည့် အချက်အလက်များက ဖော်ပြထား သည်။
ထို့ပြင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၅၅ ဦး ထပ်တိုးလာသဖြင့် သေဆုံးသူပေါင်း ၂၉၆၃၁ ဦးရှိလာကြောင်း သိရ သည်။ အလားတူ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၄၇၁၂ ဦးရှိခြင်း ကြောင့် ပြန်လည်ကျန်းမာလာသူပေါင်း ၂၄၄၆၁၉၇ ဦးရှိလာကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာပေါင်း ၆၅၃၁၉ ဦးရှိကြောင်း၊ ယင်းတို့အနက် ၅၂၇ ဦးသည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ၂၇၇ ဦးသည် အသက်ရှူအထောက်အကူပြုကိရိယာများ လိုအပ် လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၇၈ ဒသမ ၄ သန်းခန့်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်းနှင့် ၇၅ ဒသမ ၉ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရ သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်