
ခတ္တမန္ဒူ နိုဝင်ဘာ ၁၅
နီပေါနိုင်ငံတွင် အသက် ၁၈ နှစ်အောက်များအား ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပေးမှုကို နိုဝင်ဘာ ၁၄ ရက်တွင် စတင် လိုက်ကြောင်း ကျန်းမာရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
အသက် ၁၂ နှစ်နှင့်အထက်များကို ဖိုက်ဇာကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံမှုကို နိုဝင်ဘာ ၁၄ ရက်တွင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ နီပေါနိုင်ငံသည် ကိုဗက်အစီအစဉ်မှတစ်ဆင့် ကာကွယ်ဆေး အလုံးရေ ၁၀၀၆၄၀ ကို ပြီးခဲ့သည့် လအတွင်းက လက်ခံရရှိခဲ့သည်။ ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်ကို နိုင်ငံတစ်လွှားဆေးရုံများတွင် နိုဝင်ဘာ ၂၀ ရက် မတိုင်မီအထိ ပြုလုပ်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ဆင်ဟွာ