အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေး တိုးတက်လာစေရေး  တာလီဘန်တို့ ကြိုးပမ်းလျက်ရှိ 


 

ကဘူးလ်  နိုဝင်ဘာ  ၁၅
အာဖဂန်နစ္စတန်နိုင်ငံအတွင်း လုံခြုံရေးအခြေအနေ တည်ငြိမ်မှု မရှိသည့်ပြဿနာနှင့်တာလီဘန်တို့ ရင်ဆိုင်နေရသည်။ ဒေသတွင်း အိုင်အက်စ်အဖွဲ့တို့၏ လက်ချက်ဟု ယူဆရသော  အကြမ်းဖက် တိုက်ခိုက်မှုများမှာလည်း များပြားလာသည်။ နိုဝင်ဘာ ၁၅ ရက် သည် တာလီဘန်တို့   အာဖဂန်နစ္စတန်နိုင်ငံကို ပြန်လည်ထိန်းချုပ် သည်မှာ သုံးလရှိသွားပြီဖြစ်သည်။ ၎င်းတို့နိုင်ငံကို    ထိန်းချုပ်ပြီး သည့်အချိန်မှစတင်ကာ ကြားဖြတ်အစိုးရဖွဲ့စည်းကာ  နိုင်ငံကို အုပ်ချုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။  
သို့သော်လည်း   အာဖဂန်နစ္စတန်နိုင်ငံ၏    စီးပွားရေးမှာ ယိမ်းယိုင်နေပြီး နိုင်ငံရပ်ခြားရှိ    အစိုးရပိုင်ဆိုင်မှုများမှာလည်း ပိတ်ဆို့ခံထားရသည်။  အာဖဂန်နစ္စတန်တွင်  အောက်တိုဘာလ အတွင်းမှစတင်ကာဒေသတွင်း   အိုင်အက်စ်တို့၏  လက်ချက်ဟု ယူဆရသော အသေခံဗုံးခွဲမှုများနှင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရ သည်။ တာလီဘန်များသည်   မြို့တော်ကဘူးလ်ရှိ   ဘာသာရေး အဆောက်အအုံများအနီးတွင် စစ်ဆေးရေးဂိတ်များ ပြုလုပ်ကာ လုံခြုံရေးကို  တိုးမြှင့်နိုင်ရေး   ကြိုးပမ်းလျက်ရှိသည်။ တာလီဘန် တပ်ဖွဲ့ဝင်များသည် စစ်ဆေးရေးဂိတ်တွင် ယာဉ်သွားယာဉ်လာများ ကို စစ်ဆေးကြသည်။ ထို့ပြင် နေရာအနှံ့အပြားတွင်လည်း လက်နက် တပ်ဆင်ထားသောတပ်ဖွဲ့များကို တပ်ဖြန့်ချထားကြောင်း    သိရ သည်။                                                             အင်န်အိတ်ချ်ကေ