လာအိုနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများမြင့်တက်လာသောကြောင့် နိုင်ငံခြားသားများအတွက် အလည်အပတ်ဗီဇာ မထုတ်ပေးသေး

 

 

ဗီယင်ကျန်း  နိုဝင်ဘာ  ၁၅ 
လာအိုနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ  ဆက်လက်မြင့်တက်နေသောကြောင့်  အစိုးရသည် ကိုဗစ်-၁၉ ကန့်သတ်ဆောင်ရွက်ချက်များကို ထပ်မံသက်တမ်းတိုးမြှင့်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ 
ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ  အရေအတွက် တိုးလာမှုနှင့်အတူ အစုလိုက်ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည်  ပြည်နယ်အားလုံးတွင် ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း   ဝန်ကြီးချုပ်ရုံး  ဒုတိယ အကြီးအကဲ သစ်ဖာကုန်းချန်သာဗွန်ဆာက ယမန် နေ့က    ပြုလုပ်သော    သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများစုမှာ လူထူ ထပ်သည့် နေရာဒေသများမှဖြစ်ပြီး လူမှုရေးဆိုင်ရာ ပွဲလမ်းသဘင်များ၊   ရုံးများ၊  အဖွဲ့အစည်းများနှင့် မိသားစုများအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 
ကိုဗစ်-၁၉    ကာကွယ်ရေး  တားဆီးရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားလုပ်ငန်းကော်မတီ အတွက်မှလွဲ၍ နယ်စပ်ဒေသများနှင့် စစ်ဆေးရေး ဂိတ်များကို ဆက်လက်ပိတ်ထားသည်။ 
အလည်အပတ်ဗီဇာများကို နိုင်ငံခြားသားများ အတွက်    မထုတ်ပေးသေးကြောင်း   သိရသည်။ သို့သော်လည်း  သံရုံးဝန်ထမ်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများမှ ဝန်ထမ်းများ၊ ကျွမ်းကျင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများကို  အရေးပေါ်လိုအပ်ချက်အရ နိုင်ငံတွင်းသို့ ဝင်ခွင့်ပြုသော်လည်း အစိုးရထုတ်ပြန် ထားသော ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ ဆောင်ရွက်ချက်များကို  လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။ 
ဆင်ဟွာ