
ဆိုးလ် နိုဝင်ဘာ ၁၅
တောင်ကိုရီးယားနိုင်ငံတွင် နိုဝင် ဘာ ၁၄ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား သူ ၂၀၀၆ ဦး တိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၃၉၇၄၆၆ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။
နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် ယခင်ရက်ကထက် ၂၄၁၉ ဦး ကျဆင်းခဲ့သော်လည်း ခြောက်ရက်ဆက်တိုက် ၂၀၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်။
မကြာသေးမီက မြင့်တက်လာ သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက် ကူးစက် ဖြစ်ပွားမှုကြောင့်ဖြစ်ကြောင်း သိရ သည်။
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၈၅၆ ဦးမှာ ဆိုးလ်ဒေသခံများ ဖြစ်ကာ ၅၉၆ ဦးမှာ ချုံဂီပြည်နယ် မှဖြစ်ပြီး ၁၀၂ ဦးမှာ အင်ချွန်မှ ဖြစ်သည်။
မြို့တော်မဟုတ်သည့် နေရာ ဒေသများတွင်လည်း ကိုဗစ်-၁၉ ဆက်လက်ကူးစက် ပြန့်ပွားလျက် ရှိပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားသူ ၄၃၂ ဦး သို့မဟုတ် ၂၁ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။ ပြည်ပကူးစက်ဖြစ်ပွားသူ ၂၀ နှင့် အတူ စုစုပေါင်း ပြည်ပကူးစက် ဖြစ်ပွားသူ အရေအတွက် ၁၅၃၉၀ အထိ ရှိလာပြီဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ခံထား ရပြီး စိုးရိမ်ရသောအခြေအနေ ခံစားနေရသူ ၄၇၁ ဦးရှိပြီး ယခင် ရက်ကထက် ၁၂ ဦး လျော့နည်းခဲ့ သည်။
ကိုဗစ်-၁၉ ကြောင့် ၁၂ ဦး ထပ်မံ သေဆုံးခဲ့သောကြောင့် စုစုပေါင်းသေဆုံးသူ ၃၁၁၅ ဦး အထိ ရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၇၈ ရာခိုင်နှုန်းရှိသည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် အစု လိုက် ကာကွယ်ဆေးထိုးမှုများ စတင်ပြုလုပ်ခဲ့သည့် အချိန်မှ စကာ ယခုအချိန်ထိ လူပေါင်း ၄၁၉၆၂၆၂၉ ဦး စုစုပေါင်း နိုင်ငံ့ လူဦးရေ၏ ၈၁ ဒသမ ၇ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့ပြီး ဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူပေါင်း ၄၀၁၀၂၅၈၃ ဦး သို့မဟုတ် ၇၈ ဒသမ ၁ ရာခိုင်နှုန်းရှိပြီ ဖြစ်သည်။
ဆင်ဟွာ