အိန္ဒိယနိုင်ငံတွင် ရက်ပေါင်း ၅၂၃ ရက်အတွင်း  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အနည်းဆုံးဖြစ်

 

နယူးဒေလီ  နိုဝင်ဘာ  ၁၅  
အိန္ဒိယနိုင်ငံတွင်  လွန်ခဲ့သော ၂၄ နာရီအတွင်း  ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ   ၁၀၂၂၉   ဦးရှိလာသောကြောင့်    နိုဝင်ဘာ ၁၅ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၄၄၄၇၅၃၆ဦး အထိရှိလာခဲ့ကြောင်း   ကျန်းမာရေးဝန်ကြီးဌာန၏   နောက်ဆုံး ထုတ်ပြန်လိုက်သော အချက်အလက်များတွင် ဖော်ပြထားသည်။ 
ကိုဗစ်-၁၉ ကြောင့်   ထပ်မံသေဆုံးသူ  ၁၂၅ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၆၃၆၅၅  ဦးအထိ ရှိလာ ခဲ့သည်။ 
တစ်နေ့တည်း  ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံးမှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ဖြစ်သည်။ 
နိုင်ငံအတွင်း လတ်တလောကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက် ရှိသူ ၁၃၄၀၉၆ ဦးအထိ ရှိလာပြီး ရက်ပေါင်း ၅၂၃ ရက်အတွင်း အနည်းဆုံးဖြစ်သည်။   လွန်ခဲ့သော ၂၄ နာရီအတွင်း  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၈၂၂ ဦး ကျဆင်းလျော့နည်းခဲ့သည်။  
ဆင်ဟွာ