လီဗာပူး၌ တက္ကစီ ဗုံးပေါက်ကွဲမှုအပြီး ဗြိတိန်တွင်  အကြမ်းဖက်ခြိမ်းခြောက်မှုများ မြင့်တက်

 

လန်ဒန်  နိုဝင်ဘာ  ၁၆
လီဗာပူးမြို့တွင်   တက္ကစီပေါက်ကွဲမှု     ဖြစ်ပွားပြီး နောက်  ဗြိတိန်နိုင်ငံတွင်   အကြမ်းဖက်တိုက်ခိုက်မှု ခြိမ်းခြောက်မှုများမြင့်မားလျက်ရှိကြောင်း သိရသည်။ 
တက္ကစီပေါက်ကွဲမှုဖြစ်စဉ်ကို      အကြမ်းဖက်မှု ဖြစ်စဉ်ဟု   ကြေညာထားသည်။  အင်္ဂလန်မြောက်ပိုင်း လီဗာပူးမြို့တွင် နိုဝင်ဘာ ၁၄ ရက်က ဆေးရုံတစ်ရုံ ရှေ့၌  တက္ကစီပေါက်ကွဲမှု  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသို့   ပေါက်ကွဲမှုကြောင့်    အမျိုးသားခရီးသည် တစ်ဦး  သေဆုံးခဲ့ရသည်။  အသက်    ၃၂ နှစ်အရွယ်   ခရီးသည်မှာ    သေဆုံးခဲ့ပြီး   ယာဉ်မောင်းမှာ  ဒဏ်ရာ ရရှိခဲ့သည်ဟု ရဲများက ပြောသည်။ 
ခရီးသည်ကိုယ်တိုင် ဗုံးကို ကားအတွင်း ယူဆောင် ခဲ့ပြီး ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု      ရဲများက     ယူဆ သည်။ ဆေးရုံအပေါက်ဝသို့  တက္ကစီနီးကပ်လာစဉ်    ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း  လုံခြုံရေးကင်မရာတွင် တွေ့ရသည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ဆက်စပ်မှုရှိ သည်ဟု  ယူဆရသူ အသက် ၂၀ ဝန်းကျင် အမျိုးသား လေးဦးကို ရဲများက  ဖမ်းဆီးထားသည်။ သေဆုံးသွား သည့် အမျိုးသားမှာ ဆီးရီးယားမှ   ဒုက္ခသည်အဖြစ်   ရောက်ရှိလာသူဖြစ်ပြီး   ဗြိတိန်ထောက်လှမ်းရေး အေဂျင်စီက သိရှိထားသူတစ်ဦးလည်းမဟုတ်ပေ။ 
တိုင်းပြည်အတွင်း   အကြမ်းဖက်အန္တရာယ် ခြိမ်းခြောက်မှုကို  ဒုတိယအမြင့်ဆုံး   သတိပေးမှု ထုတ်ပြန်ထားကြောင်း ပြည်ထဲရေးဝန်ကြီး    ပရီတီ ပက်တယ်က ပြောသည်။ 
အင်န်အိတ်ချ်ကေ