ပါလက်စတိုင်းနယ်မြေများတွင် အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြား လူငယ်များကို ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပေးမည်

 

 

ရမ်မလာ နိုဝင်ဘာ ၁၆
ပါလက်စတိုင်း  နယ်မြေများတွင် အသက် ၁၂ နှစ်မှ  ၁၅ နှစ် အရွယ် လူငယ်များကို     ကိုဗစ်  -၁၉ ကာကွယ်ဆေးထိုးပေးရန်  ကျန်းမာ ရေးဝန်ကြီးဌာန၏  ထောက်ခံချက် ပေးမှုကို ပါလက်စတိုင်းအစိုးရက နိုဝင်ဘာ ၁၅ ရက်တွင် အတည်ပြု ပေးခဲ့သည် ဟု     တရားဝင်ထုတ်ပြန် ကြေညာချက်များအရ သိရသည်။ 
ထုတ်ပြန်ကြေညာချက်အရ ပါလက်စတိုင်း      အစိုးရသည် အသက် ၁၈ နှစ်နှင့် အထက်များကို တတိယအကြိမ်    ကာကွယ်ဆေး ထိုးပေးမှုစတင်ရန်    အစိုးရက သဘောတူထားသည်။    
ပထမအကြိမ် ကာကွယ်ဆေး နှင့်  ဒုတိယအကြိမ်  ကာကွယ် ဆေးထိုးပြီးသည်မှာ   ခြောက်လ ကြာပြီဖြစ်သော   အသက် ၁၈ နှစ် နှင့်အထက်များကို    တတိယ အကြိမ် ကာကွယ်ဆေးထိုးပေး ရန် သဘောတူခဲ့ခြင်းဖြစ်သည်။ 
ကိုဗစ်  - ၁၉ ကာကွယ်ဆေးကို  အများအပြား ထိုးပေးနိုင်လာသည့် အတွက်     နေ့စဉ်ကူးစက်မှုနှုန်း လျော့ကျလာသည်ဟု  ကျန်းမာ ရေးဝန်ကြီးဌာနက       ထုတ်ပြန် ကြေညာထားသည်။  
နိုဝင်ဘာ ၁၄ ရက်တွင်အနောက် ဘက်ကမ်းနှင့်   ဂါဇာကမ်းမြောင် ဒေသတို့တွင်  ကိုဗစ်- ၁၉ ကူးစက် ခံရသူ ၂၃၆ ဦးရှိပြီး  သေဆုံးသူ ခုနစ်ဦး    ရှိသည်ဟု     ကျန်းမာရေး ဝန်ကြီးဌာန၏   အစီရင်ခံစာအရ သိရသည်။                     ဆင်ဟွာ