ယူရိုတစ်သန်းတန် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ  လက်ဘနွန်နိုင်ငံသို့ ပြင်သစ်လှူဒါန်း  


 

ဘေရွတ် နိုဝင်ဘာ ၁၆
ပြင်သစ်နိုင်ငံက  နိုဝင်ဘာ ၁၅ ရက်တွင် ယူရိုတစ်သန်းတန် ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းခဲ့သည် ဟု လက်ဘနွန်နိုင်ငံရှိ   ပြင်သစ်သံရုံးက   သတင်းထုတ်ပြန်ခဲ့သည်။  အောက်ဆီဂျင်စက်အလုံး ၃၀၊ အသက်ရှူ အထောက်အကူပြုကိရိယာ ၂၅ ခု ၊ ကိုဗစ် - ၁၉ ဆေးစစ်ကိရိယာ ၅၀၀၀၀ ၊ ပါးစပ်၊ နှာခေါင်း စည်း ၂၀၀၀၀၀ နှင့်  ဆေးပစ္စည်းအထုပ်ပေါင်း ရှစ်ထုပ် လှူဒါန်းခဲ့သည်ဟု သိရသည်။ 
လက်ဘနွန်နိုင်ငံတွင် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ  မျှော်လင့်မထားသည့် အခက်အခဲများနှင့် ကြုံတွေ့နေရကာ အဆိုပါအကျပ်အတည်းများမှ  ရုန်းထွက်နိုင်ရေးအတွက် လက်ဘနွန်နိုင်ငံသို့ တိုက်ရိုက် ထောက်ပံ့မှုများ ပြင်သစ်နိုင်ငံက ဆက်လက်ပြုလုပ်လျက်ရှိသည်။ ဘေရွတ်၊ ထရီပိုလီနှင့် ဘက်ဘ်နင် မြို့တို့ရှိ ဆေးရုံသုံးရုံနှင့်ပုဂ္ဂလိကဆေးရုံတစ်ရုံတို့သို့ အဆိုပါထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိလိမ့်မည်ဟု သိရသည်။                                                                                                                 ဆင်ဟွာ