
ဝါရှင်တန် နိုဝင်ဘာ ၁၆
ကိုရိုနာဗိုင်းရပ်စ်ကြောင့်သော်လည်းကောင်း၊ ကပ်ရောဂါမှတစ်ဆင့် ဆက်စပ်ဖြစ်ပွားတတ်သော ရောဂါများ ကြောင့်လည်းကောင်း ကိုဗစ်-၁၉ အကျပ်အတည်းကာလအတွင်း အမေရိကန်ကလေးငယ်ပေါင်း ၁၄၀၀၀၀ ကျော် မိဘမဲ့ဖြစ်ခဲ့ရကြောင်း Business Insider တွင် မကြာသေးမီက ဖော်ပြခဲ့သည်။
အမေရိကန်ကလေးငယ် ၅၀၀ မှာ တစ်ယောက် ကံမကောင်းခြင်းကို ရင်ဆိုင်ခံစားခဲ့ရကြောင်း သိရ သည်။ ထို့အပြင် ကိုဗစ်-၁၉ အကျပ်အတည်းက ကလေးများအပေါ် စိတ်ပညာပိုင်းဆိုင်ရာနှင့် ငွေရေး ကြေးရေးဖိအားများ သက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ခံစားခဲ့ရသော ကလေးငယ် ၆၅ ရာခိုင်နှုန်း ခန့်မှာ လူမျိုးစုအုပ်စုများဖြစ်ကြောင်း အမေရိကန် ငွေရေးကြေးရေး သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။
အမေရိကန်ပြည်ထောင်စုသည် ကိုဗစ်-၁၉ ရိုက်ခတ်မှုကို အဆိုးဆုံး ရင်ဆိုင်ခံစားခဲ့ရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တွင် ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၄၇ သန်းကျော် ရှိလာခဲ့ပြီး ၇၆၄၀၀၀ ကျော်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးခဲ့ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ထုတ်ပြန်လိုက်သော စာရင်းများအရ သိရသည်။ ဆင်ဟွာ