
ကွာလာလမ်ပူ နိုဝင်ဘာ ၁၆
မလေးရှားနိုင်ငံတွင် နိုဝင်ဘာ ၁၅ ရက် ညသန်းခေါင်အချိန်အထိ ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ ၅၁၄၃ ဦးအထိ ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း ၂၅၅၁၄၅၂ ဦး ရှိလာပြီဖြစ် သည်။
အသစ်ထပ်မံ ကူးစက်ဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၁၃ ဦးမှာ ပြည်ပကူးစက်သူများဖြစ် ပြီး ၅၁၃၀ မှာ ပြည်တွင်းကူးစက်သူများ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ၅၃ ဦး ထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူပေါင်းမှာ ၂၉၇၂၉ ဦးအထိ ရှိလာပြီဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာပြီးဆေးရုံမှ ဆင်းလာသူ ၄၅၅၁ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွားသူပေါင်း ၂၄၅၅၇၆၇ ဦး ရှိပြီဖြစ် သည်။
လတ်တလော ကိုဗစ်-၁၉ ကူးစက်သူ ၆၅၉၅၆ ဦး ရှိသည့်အနက် ၅၂၆ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသ လျက်ရှိပြီး ၂၅၀ မှာ အသက်ရှူအထောက် အကူကိရိယာ လိုအပ်လျက်ရှိသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးပြီးသူပေါင်း ၇၈ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး အပြည့်အဝထိုးနှံပြီး သူပေါင်း ၇၆ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိလာ ပြီဖြစ်သည်။
ဆင်ဟွာ