အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်တွင် ပေါက်ကွဲမှုနှစ်ခုဖြစ်ပွား အရပ်သားလေးဦးသေဆုံး

 

ကဘူးလ် နိုဝင်ဘာ ၁၇ 


အာဖဂန်နစ္စတန်        မြို့တော် ကဘူးလ်တွင်    ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ   အရပ်သားလေးဦး သေဆုံးခဲ့ပြီး   နှစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း မျက်မြင်သက်သေများ က ပြောသည်။   ပထမပေါက်ကွဲ မှုသည်   လမ်းဘေးဗုံးပေါက်ကွဲ မှုဖြစ်ပြီး   အများသုံး မီနီဘတ်စ် ကားကို    ထိမှန်ခဲ့သောကြောင့် အလုပ်သွား  အလုပ်ပြန်   လေးဦး သေဆုံးခဲ့ပြီး   နှစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း     မျက်မြင်သက်သေ တစ်ဦးဖြစ်သူ     ဆာရစ်အာမာ  က    ဆင်ဟွာသို့       ပြောကြားခဲ့ သည်။ 

 


ပေါက်ကွဲမှုကြောင့်  ကားမှာ ပျက်စီးသွားခဲ့သည်။    ပထမဗုံး   ပေါက်ကွဲမှုဖြစ်ပြီး        မကြာမီ ဒုတိယပေါက်ကွဲမှုသည်       ဒါဘိုရီ ဒေသအနီးတွင်           ဖြစ်ပွားခဲ့ ကြောင်းနှင့်    ဒုတိယပေါက်ကွဲမှု ကြောင့်  လူဘယ်နှဦးသေဆုံးခဲ့ ကြောင်း    တိကျသည့်သတင်း ဖော်ပြချက်မျိုး မရှိသေးပေ။ 
အဆိုပါဖောက်ခွဲမှုများသည် မည်သူမည်ဝါ၏ လက်ချက်ဖြစ် ကြောင်း အခုချိန်ထိ   မသိရသေးပေ။      

    
  ဆင်ဟွာ