ဘင်္ဂလားဒေ့ရှ် အခြေခံလူတန်းစားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးပေး

 

ဒါကာ နိုဝင်ဘာ ၁၇ 


ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြို့တော် ဒါကာရှိ   အခြေခံလူတန်းစားများ အား  ကိုဗစ်-၁၉  ကာကွယ်ဆေး စတင် ထိုးနှံပေးနေပြီဖြစ်ကြောင်း   သိရ သည်။ 

 


အခြေခံလူတန်းစား   ထောင် ပေါင်းများစွာသည်    ပထမဆုံး အကြိမ်   ကိုဗစ်-၁၉   ကာကွယ် ဆေးထိုးမှုခံယူခဲ့ကြောင်း   သိရ သည်။ 
ပထမဆုံးနေ့တွင် ဆင်းရဲသား ရပ်ကွက်များတွင်   နေထိုင်သည့် ဆင်းရဲသား ၁၅၀၀၀ ကို   ကိုဗစ်-၁၉    ကာကွယ်ဆေးထိုးပေးရန် မျှော်မှန်းထားကြောင်း     ဒါကာ မြောက်ပိုင်းမြို့တော်  ကော်ပိုရေး ရှင်းမှ       အရာရှိတစ်ဦးဖြစ်သူ မက်ဆီလင်းရီဇာက ပြောသည်။ 

 


အခြေခံလူတန်းစားသုံးသိန်း နေထိုင်သည့်      ကိုရေးရပ်ကွက် ၌    ကာကွယ်ဆေးထိုးပြီးနောက်  တခြား  ဆင်းရဲသားရပ်ကွက်များ တွင်လည်း  ကာကွယ်ဆေး  တိုးချဲ့ ထိုးနှံမှုများ လုပ်ဆောင်သွားမည် ဖြစ်သည်။ 

 


ဇန်နဝါရီလက  ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်   ကိုဗစ်-၁၉  ကာကွယ် ဆေး  ဖြန့်ချိထိုးနှံမှုများလုပ်ဆောင် ခဲ့သော်လည်း   အိန္ဒိယက တင်ပို့မှု ရပ်ဆိုင်းလိုက်သောကြောင့်  ဧပြီ လတွင်   ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးမှုများ ရပ်ဆိုင်းခဲ့သည်။ 

 


တရုတ်နိုင်ငံက   လှူဒါန်းထား သည့်     ဆီနိုဖမ်း  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းဖြင့် ဇွန်လ တွင်     ကာကွယ်ဆေးထိုးမှုများ ပြန်လည်စတင်ခဲ့သည်။ 


ဆင်ဟွာ