မြန်မာကလပ် ယှဉ်ပြိုင်ခွင့်ရမည့် အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ကျင်းပရန်စီစဉ်

 

ရန်ကုန်   နိုဝင်ဘာ ၁၈


အာရှဘောလုံးအဖွဲ့ချုပ်သည်     ဒေသတွင်း အမျိုးသမီးဘောလုံးအဆင့်အတန်း   ဖွံ့ဖြိုး တိုးတက်စေရန်  ရည်ရွယ်၍   ပြိုင်ပွဲတစ်ခု ကျင်းပရန် စီစဉ်လျက်ရှိပြီး အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ပြုလုပ်သွားမည်ဖြစ်သည်။

 


အာရှဘောလုံးအဖွဲ့ချုပ်သည် အမျိုးသား ကလပ်များကဲ့သို့      အမျိုးသမီးဘောလုံး ကလပ်များအတွက် အာရှဒေသတွင်း အဆင့် မြင့်ဆုံး     ကလပ်ပြိုင်ပွဲတစ်ခုကျင်းပရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် စတင် ကျင်းပသွားမည်ဖြစ်သည်။ အာရှဒေသတွင်းမှ အမျိုးသမီးဘောလုံးအသင်းများ ဖွဲ့စည်းထား သည့်နိုင်ငံများမှ   ကလပ်များ      ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ထားပြီး ယင်း ပြိုင်ပွဲ ကျင်းပနိုင်ရန်အတွက် ပြီးခဲ့သည့် နှစ်အနည်းငယ်ကတည်းက    စတင် ဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာ အမျိုးသမီးဘောလုံးအသင်းသည် အာရှ အဆင့်သတ်မှတ်ချက်အရ    ထိပ်ဆုံး ၁၀  သင်းစာရင်းဝင်သောကြောင့်  ယင်း ပြိုင်ပွဲ     ကျင်းပဖြစ်ပါက   တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ရဖွယ်ရှိနေသည်။ မြန်မာအမျိုး သမီးကလပ်များအနေဖြင့် နိုင်ငံတကာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရခြင်းမရှိသေးဘဲ အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ကျင်းပဖြစ်ပါက   မြန်မာအမျိုးသမီး ဘောလုံးအဆင့်အတန်း တိုးတက်ရေး ကို   များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။   မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း သည် အိန္ဒိယကလပ်  ဂိုကူလမ်အသင်း တွင် ကာလတိုစာချုပ်ဖြင့်  သွားရောက် ကစားခဲ့ရာ မြန်မာအမျိုးသမီး  ဘောလုံး သမားများအတွက် ပြည်ပထွက်ကစား နိုင်မည့်အခွင့်အရေး   ပေါ်လာခြင်းဖြစ် သည်။

 


မြန်မာနိုင်ငံ၏   အမျိုးသမီးလိဂ် ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင် ကျင်းပခဲ့ပြီး ၂၀၁၈-၂၀၁၉ ရာသီအပြီး တွင်   ကိုဗစ်-၁၉   ကပ်ရောဂါကြောင့် ဆက်လက်ကျင်းပနိုင်ခြင်းမရှိဘဲ ယခုနှစ် အထိ ရပ်နားထားရသည်။    

ရဲရင့်လွင်