
နေပြည်တော် နိုဝင်ဘာ ၂၀
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရည်မြင့်မားရေးမှာ အရေးအကြီးဆုံးဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍမြင့်မားတိုးတက် ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် စာသင်ကျောင်း များ တည်ဆောက်ပြုပြင်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းပေးခြင်း၊ အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အနာဂတ်မျိုးဆက် သစ်လူငယ်များ ကျောင်းနေပျော်ရေးနှင့် ပညာသင်ကြားရေးတွင် စိတ်ဝင်စားမှုရှိစေ ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများက ညီညွတ်မျှတစွာ ထိန်းမတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်အတွက် အရေးအကြီးဆုံးဖြစ်သော ပညာရည်မြင့်မားရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေမှုအပေါ် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အကြမ်းဖက်သမားများသည် အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများအား ရက်စက်ယုတ်မာစွာ အကြမ်းဖက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပညာရေးကဏ္ဍအတွက် အဓိကကျသော အခြေခံ အဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများနှင့် ပညာရေးအဆောက်အဦများကို မိုင်းထောင်ဖောက်ခွဲ ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို အသိတရားမဲ့စွာ လုပ်ဆောင်လျက်ရှိခြင်းကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ စာသင်ကျောင်းပေါင်း ၄၄၄ ကျောင်း ပျက်စီးဆုံးရှုံးခဲ့မှုများကို ဖော်ပြပါ အတိုင်း တွေ့ရှိရသည်-
အကြမ်းဖက်အဖွဲ့များ၏ ယခုကဲ့သို့ ပညာရေးကဏ္ဍမြင့်မားရေးအတွက် အခြေခံထောက်တိုင်များဖြစ်သော စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများအပေါ် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်ဝန်းကာကွယ်တားဆီးရန်လိုအပ်ပြီး အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှု မရှိနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံထားကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်