အိမ်ကွင်းမှာ ချယ်ဆီးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ လက်စတာ

 

ပရီမီယာလိဂ်ပွဲစဉ်(၁၂)၏ အစော ဆုံးပွဲစဉ်အဖြစ် လက်စတာအသင်း နှင့် အမှတ်ပေးဇယား ဦးဆောင်သူ ချယ်ဆီးအသင်းတို့ပွဲစဉ်ကို နိုဝင် ဘာ ၂၀ ရက် ညပိုင်းက လက်စတာ အိမ်ကွင်း   ကင်းပါဝါအားကစား ကွင်း၌    ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်ဆီးအသင်းက သုံးဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့သည်။ 
ချယ်ဆီး   အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၄ မိနစ်တွင် ချီဝဲလ်၏    ဖန်တီးမှုမှတစ်ဆင့် ရူဒီဂါက သွင်းယူပေးနိုင်ခဲ့သည်။ ရူဒီဂါ၏    အဆိုပါသွင်းဂိုးသည် ၎င်း၏ ပရီမီယာလိဂ် ငါးဂိုးမြောက် ကို   သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ချယ်ဆီးအသင်းအတွက် ဒုတိယ ဂိုးကို ပွဲချိန် ၂၈ မိနစ်တွင်ရရှိခဲ့ပြီး ဂျိမ်းစ်၏   ဖန်တီးမှုမှ  ကန်တီက သွင်းယူပေးနိုင်ခဲ့သည်။ 

 


ဒုတိယပိုင်း   ပြန်လည်စတင် ချိန်တွင် လက်စတာအသင်းသည် ကစားအားကျနေသည့်  လွတ်ခ် မန်း၊ ဘားနက်စ်တို့ကို အနားပေး ကာ မက်ဒီဆင်၊ အီဟီယာနာချို တို့ကို ထည့်သွင်းအသုံးပြုခဲ့သလို ချယ်ဆီးအသင်းကလည်း ပွဲချိန် ၆၃ မိနစ်တွင် မောင့်၊ ဟာဗက်ဇ် တို့ကို အနားပေးကာ ဇီယက်၊ ပူလီဆစ်တို့ကို ထည့်သွင်းအသုံး ပြုခဲ့သည်။ ထို့နောက်တွင် ခြေစွမ်း ထက်မြက်နေသည့်    ချယ်ဆီး အသင်းကပင် လက်စတာအသင်း ကို   ဖိအားပေးထိန်းချုပ်ကစား နိုင်ခဲ့သည်။   လူစားဝင်ကစား သမားနှစ်ဦး၏    အတွဲအဖက်မှ တစ်ဆင့် ပွဲချိန်   ၇၁  မိနစ်တွင် ချယ်ဆီးအသင်း တတိယဂိုးရရှိခဲ့ သည်။ အဆိုပါဂိုးကို  ဇီယက်၏ ဖန်တီးမှုမှ ပူလီဆစ်က သွင်းယူ ပေးနိုင်ခဲ့သည်။ 

 


ချယ်ဆီးအသင်းက    ၁၂  ပွဲ ကစားပြီး  ရမှတ်  ၂၉  မှတ်ဖြင့် အမှတ်ပေးဇယားကို     ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။   လာမည့် ပွဲစဉ်အဖြစ်    လက်စတာအသင်း သည်  နိုဝင်ဘာ  ၂၆  ရက်တွင် ယူရိုပါလိဂ်ပြိုင်ပွဲ၌    ဝါးစ်ဇာဝါ အသင်းနှင့်    ကစားရမည်ဖြစ်ပြီး     ချယ်ဆီးအသင်းက နိုဝင်ဘာ ၂၄ ရက်တွင်   ချန်ပီယံလိဂ်ပြိင်ပွဲ၌ ဂျူဗင်တပ်စ်အသင်းနှင့်      ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။   

 


အခြားပွဲစဉ်ရလဒ်များအဖြစ် အက်စ်တွန်ဗီလာက ဘရိုက်တန် ကို    နှစ်ဂိုး-ဂိုးမရှိ၊  နော့ဝှစ်က ဆောက်သမ်တန်ကို   နှစ်ဂိုး-တစ်ဂိုး၊   ဝုဖ်က  ဝက်စ်ဟမ်းကို တစ်ဂိုး-ဂိုးမရှိဖြင့်   အနိုင်ရပြီး   ဘန်လေနှင့်   ပဲလေ့စ်   သုံးဂိုးစီ   သရေ၊    နယူးကာဆယ်နှင့် ဘရန့် ဖို့ဒ်  သုံးဂိုးစီ သရေဖြစ်ခဲ့သည်။ 
မန်ယူက     အဝေးကွင်း၌ ဝက်ဖို့ဒ်ကို   လေးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။   


အောင်ဇော်