လမ်းလျှောက်ခြင်းသည် ဆေးတစ်ပါး

Type
5

 

မြင့်မောင်စိုး

 

မိုးကုန်၍ ဆောင်းရောက်ပြီဆိုသည်နှင့် အေးမြသောရာသီဥတုနှင့် ထိတွေ့လာရသည့်အလျောက် သွေးလေထိုင်းမှိုင်းလာတတ်ပါသည်။ ကိုယ်မအီမသာဖြစ် ခြင်း၊ ကိုက်ခဲခြင်း၊ ခေါင်းအုံခေါင်းခဲခြင်း၊   ဇက်ကြောတက်ခြင်း  စသော  ဝေဒနာလေးများသည်  အသေးအဖွဲဟုဆိုသော်လည်း  ရေရှည်တွင်  မကောင်းပါ။ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါသည်။

 

 “သွေးလေမလျှောက်     ဘေးတွေရောက်” ဟူသော    မြန်မာဆိုရိုးစကားရှိပါသည်။   လမ်း မလျှောက်ခြင်းသည်  မြို့နေလူတန်းစားတို့အတွက် အထူးသဖြင့် သွေးလေမလျှောက်မှုကို  ဖြစ်စေတတ် ပါသည်။ “ဆီး၊ ဝမ်း၊ သွေး၊ လေ ဤလေးထွေ ဝမ်း တွင် မှန်မှ ချမ်းသာရ”ဟူ၍လည်း ဆိုကြပါသည်။ ဆီးမှန်ခြင်း၊ ဝမ်းမှန်ခြင်း၊ သွေးလေမှန်ခြင်းတို့သည်  လူတစ်ဦးတစ်ယောက်အတွက် အကောင်းဆုံးသော ကျန်းမာရေးဆုလာဘ်တစ်ခုပင်   ဖြစ်ပါသည်။ ကျန်းမာသောသူတစ်ယောက်   ဖြစ်စေဖို့အတွက်  အရေးကြီးသောအချက်လည်း ဖြစ်ပါသည်။

 


အေးမြသော ဆောင်းရာသီကာလ အခါသမယ တွင်   သွေးလေညီညွတ်မျှတစေခြင်းငှာ   လမ်း လျှောက်ခြင်းသည်အကောင်းဆုံးသော ကျန်းမာရေးတိုက်တွန်းချက်ပင်ဖြစ်ပါသည်။      နေ့စဉ်  နာရီဝက်မျှ  လမ်းလျှောက်သင့်ပါသည်။

 


လမ်းလျှောက်ခြင်းသည် လူ၏အကောင်းဆုံး ဆေးဖြစ်သည်ဟု  အနောက်တိုင်းဆေးပညာရှင်လောက၏ဖခင်အဖြစ်လူသိများသော ဂရိသမား တော် ဟစ်ပိုခရိတ်ကဆိုပါသည်။ ပုံမှန်နှင့် ကြာကြာ လမ်းလျှောက်ခြင်းက  သင့်အသက်ပိုရှည်နိုင်ခြေကို တိုးစေရုံသာမက စွမ်းအင်ပိုမိုရရှိရန်၊ ကိုယ်အလေး ချိန်ကျစေရန်၊   ကျန်းမာစွာ   နေထိုင်နိုင်စေရန် အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပါသည်။

 


ကိုယ်လက်လှုပ်ရှားမှုသည်      ခန္ဓာကိုယ်ကို လှုပ်ရှားစေပြီး ကယ်လိုရီများကို လောင်ကျွမ်းစေ သည့် အရာတစ်ခုဖြစ်သည်။  ၎င်းတွင်  လမ်းလျှောက် ခြင်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အေရိုးဗစ် သို့မဟုတ်  “ကာဒီယို”  လှုပ်ရှားမှုသည် နှလုံးခုန်နှုန်း ကို မြှင့်တင်ပေးပြီး နှလုံး-အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကျန်းမာကြံ့ခိုင်စေခြင်းဖြင့် နှလုံးကျန်းမာ ရေးကို  များစွာအထောက်အပံ့ဖြစ်စေနိုင်ပါသည်။

 


 ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ် သောအခါ နှလုံးခုန်မြန်လာပြီး ပုံမှန်ထက် အသက် ရှူရခက်ခဲလာမည်ဖြစ်သော်လည်း စကားပြောနိုင် လောက်သည့် မောပန်းခြင်းသာဖြစ်သည်။     ခပ်မြန် မြန်   လမ်းလျှောက်ခြင်း (တစ်နာရီလျှင်  အနည်းဆုံး  နှစ်မိုင်ခွဲနှုန်း)သည်  အလယ်အလတ်  လှုပ်ရှားမှု ဖြစ်သည်။

 


အရွယ်ရောက်ပြီးသူများသည် အလယ်အလတ် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး မိနစ် ၁၅၀ လိုအပ်ပြီး   တစ်ပတ်လျှင်  နှစ်ရက် သို့မဟုတ် ထို့ထက်ပို၍ ကြွက်သားသန်မာစေသော လေ့ကျင့်ခန်းများ ပြုလုပ်သင့်သည်။  အသက် ၆ နှစ်မှ ၁၇ နှစ်ကြား လူငယ်များသည် အေရိုးဗစ် လေ့ကျင့်ခန်း အပါအဝင် တစ်နေ့လျှင် အနည်းဆုံး မိနစ် ၆၀ ခန့်  ကိုယ်လက်လှုပ်ရှားမှု   ပြုလုပ်ရန် လိုအပ်ပါသည်။

 


 လှုပ်ရှားသွားလာရန် အရိုးရှင်းဆုံးနည်းလမ်းမှာ ကျန်းမာရေးကို မြှင့်တင်ရန်အတွက် လမ်းလျှောက် ခြင်းပင်ဖြစ်သည်။  ၎င်းသည် အခမဲ့၊ လွယ်ကူပြီး နေရာတိုင်းတွင်ပင်      လုပ်ဆောင်နိုင်ပါသည်။ တစ်ပတ်လျှင် မိနစ် ၁၅၀ မရောက်နိုင်သေးပါက စိတ်မပူပါနှင့်။  လူတိုင်းတစ်နေရာရာမှာ စတင်ရ မည်။ နှစ်အတော်ကြာ အထိုင်များနေသော်လည်း ယနေ့သည်    သင့်ဘဝတွင်   ကောင်းမွန်သော ပြောင်းလဲမှုများကို စတင်နိုင်သောနေ့ ဖြစ်သည်။  ဒီနေ့အတွက် ရောက်နိုင်တဲ့ပန်းတိုင်ကို  ချမှတ်ပါ။  သင် အားကောင်းလာသည်နှင့်အမျှ သင့်အချိန်ကို တိုးမြှင့်ခြင်းဖြင့်  အကြံပြုထားသည့် ပမာဏအထိ လုပ်ဆောင်နိုင်သည်။

 


 ခြေလှမ်း ၁၀၀၀၀   လမ်းလျှောက်ခြင်းသည် တစ်နေ့လျှင် ငါးမိုင်ခန့်နှင့် ညီမျှပြီး တစ်နေ့တာလုံး စားပွဲပေါ်တွင်   ထိုင်နေသူများအတွက်  အလွန် များပြားသော ခြေလှမ်းဖြစ်သည်။ သို့သော် တစ်နေ့ လျှင် မိနစ် ၉၀ ခန့် တက်ကြွစွာ လမ်းလျှောက်ခြင်း သည်   အကောင်းဆုံးသောနည်းလမ်းတစ်ခုဖြစ်သည်။

 


တစ်နေ့တာအတွင်း   ၅ မိနစ်    သို့မဟုတ်  ၁၀ မိနစ်ခန့်  ခပ်သွက်သွက်   လမ်းလျှောက်ခြင်းသည် တိုးတက်လာမည်ဖြစ်သည်။   ပုံမှန်သွားလာခြင်း၊လမ်းလျှောက်အစည်းအဝေးများကို  အလေးထား ဆောင်ရွက်ခြင်းမှအစပြုပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားမှုဖြစ်အောင် တဖြည်းဖြည်းတိုး၍ လမ်းလျှောက် ခြင်းအလေ့အထကို လေ့ကျင့်ပျိုးထောင်သွားကြ မည်ဆိုလျှင် ကျန်းမာရေးအတွက် များစွာအကျိုး ကျေးဇူးရရှိနိုင်မည်  ဖြစ်ပါသည်။

ကိုးကား


    -    Activity Guidelines from the 2015  2020 Dietary Guidelines for Americans (Pages 75-76)
    -    Stanford study finds walking 
        improves creativity