တိုင်းဖျက်ပြည်ဖျက် PDF အမြစ်ပြတ်ချေမှုန်းကြရမည်

Type

သော်က

နိုဝင်ဘာလ  ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ  အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့်  ဆရာ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေ  သေဆုံး၊  ထိခိုက်ဒဏ်ရာရတဲ့သတင်းကို ဖတ်ရှုလိုက်ရပါတယ်။ နိုင်ငံရေးအပြောင်းအလဲ စတင်စဉ်ကနေ နိုဝင်ဘာလလယ်အထိကာလမှာ အကြမ်းဖက်သမားတွေကြောင့် အနယ်နယ်အရပ်ရပ်က ဆရာ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်း ၁၂ ဦး သေဆုံးပြီး ၁၅ ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။  
ပညာရေးဝန်ထမ်းတွေတင် မကပါ ဘူး။ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ပြန်ကြား ရေး၊ မြေစာရင်း၊ လျှပ်စစ်၊ သစ်တော၊ အကောက်ခွန်၊ လဝက၊ ပို့ဆက်၊ ဆောက် လုပ်ရေးစတဲ့ နိုင်ငံ့ဝန်ထမ်းတွေကိုလည်း အကြမ်းဖက် PDF တွေ သတ်ဖြတ်ခဲ့လို့ စုစုပေါင်း ၃၈   ဦးအထိ  သေဆုံးခဲ့ကြပြီး ဝန်ထမ်း  ၇၉  ဦး  ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့    သတင်းထုတ်ပြန်ချက် တွေမှာ တွေ့ရပါတယ်။ 


ရပ်တည်ချက်မှန်စွာနဲ့ စွန့်ခဲ့ရတဲ့အသက်တွေ
နိုင်ငံတစ်နိုင်ငံမှာ     ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတွေဟာ   လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်   အခြေခံ အကျဆုံးကဏ္ဍတွေဖြစ်ပါတယ်။ အထူး သဖြင့်    မိမိတို့တိုင်းပြည်လို   ဖွံ့ဖြိုး တိုးတက်ဖို့   ရုန်းကန်နေရတဲ့နိုင်ငံမှာ ပညာရေးမြင့်မားအောင်၊ ကျန်းမာကြံ့ခိုင် အောင်  အဲဒီကဏ္ဍတွေမှာ   တာဝန်ယူ နေကြတဲ့ ဆရာ ဆရာမတွေနဲ့ ဆရာဝန်၊ သူနာပြုတွေဟာ မရှိမဖြစ်အရေးကြီးတဲ့ သူတွေ။ ဘာသာတရားအရလည်း ဆရာ ကို အနန္တောအနန္တငါးပါးထဲမှာ ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားရှိပြီး   ဆည်းကပ် လေ့ရှိတဲ့    မိမိတို့နိုင်ငံအတွက်တော့ အကြမ်းဖက်   PDF  တွေရဲ့  တိုက်ခိုက် သတ်ဖြတ်ခြင်းခံရတဲ့ ဆရာ ဆရာမတွေ အားလုံးအတွက်   ယူကျုံးမရဖြစ်မိပါ တယ်။ 


နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုကာလ မှာ ဝန်ထမ်းအချို့ CDM လုပ်သွားကြ တဲ့အခါ အများစုသောကဏ္ဍဟာ ပညာ ရေးနဲ့   ကျန်းမာရေးပဲ  ဖြစ်ပါတယ်။ သို့သော် ဌာနမှာ ယုံကြည်ချက်ခိုင်ခိုင် မာမာနဲ့ ဝန်ထမ်းတာဝန်ဝတ္တရားတွေကို အမျိုးမျိုးနှောင့်ယှက်နေချိန်မှာတောင် ထမ်းဆောင်ပြီး ကျန်ရစ်ခဲ့ကြသူတွေဟာ ရှိသမျှအင်အားနဲ့ ကိုယ့်နိုင်ငံရဲ့ အုပ်ချုပ် လည်ပတ်မှုယန္တရား   မရပ်တန့်စေဖို့၊ နိုင်ငံရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စာသင်ကျောင်းတွေ အမြန်ဆုံးပြန်ဖွင့်ဖို့၊ ဆေးရုံ၊ဆေးခန်းတွေ အမြန်ဆုံးပြန်ဖွင့်ပြီး လူနာတွေကိုကယ်တင်ဖို့ ကြိုးပမ်းနေကြ သူတွေ    ဖြစ်ပါတယ်။   ထိုသူတွေကို သတ်ဖြတ်၊ တိုက်ခိုက်တဲ့ အကြမ်းဖက် သမားတွေရဲ့ အတွေးအခေါ်၊ ဦးနှောက်နဲ့ ဆင်ခြင်တုံတရားကိုတော့ ဩချလောက် ပါပေတယ်။ 


ကလေးတွေ ကျောင်းတက်ချင်ကြတယ်


ပြီးခဲ့တဲ့ရက်က        ရန်ကုန်မြို့က ဆွေမျိုးသားချင်းကလေးတွေကို မေးမိ တယ်။   “ကလေးတို့  ကျောင်းတက် ချင်ကြသလား”လို့။    အားလုံးတညီ တညွတ်တည်း    “တက်ချင်တာပေါ့၊ ဒါပေမဲ့    သွားမတက်ရဲသေးဘူး။ သွားတက်ရင် ဒလန်ဆိုပြီး သတ်ခံရမှာ စိုးလို့”ဆိုပြီး    ဖြေကြပါတယ်။  နုနယ် ငယ်ရွယ်တဲ့   ကလေးတွေဟာ  စာသင် ကျောင်းခန်းထဲမှာ  စုံစုံညီညီနဲ့  ပညာ သင်ကြားရမယ့်အချိန်၊ အခုတော့ အကြမ်း ဖက်သမားတွေရဲ့ရန်ကို  ကြောက်တာနဲ့ တင် ကျောင်းကို  ရဲရဲမတက်ရဲ၊ ကျောင်း ဝင်းထဲကို လွတ်လပ်ပေါ့ပါးစွာ    ပြေးမဝင် ရဲ။  ဒါတွေဟာ တိုင်းပြည်ကောင်းဖို့လား၊ ဖျက်ဆီးဖို့လား PDF တို့ရေ။ 
ပြည်သူအတွက်      ဝန်ဆောင်မှုပေးနေ တဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ လျှပ်စစ် ဝန်ထမ်းတွေ၊ စည်ပင်နဲ့ ဆောက်လုပ်ရေး ဝန်ထမ်းတွေ၊   ပို့ဆက်ဝန်ထမ်းတွေ ကိုလည်း  ဦးနှောက်မပါတဲ့  PDF  က အလွတ်မပေးပြန်ပါဘူး။       တာဝန် ထမ်းဆောင်နေတဲ့    ဝန်ထမ်းတွေဟာ အကြမ်းဖက်သမားတွေကြောင့် အသက် ပေးခဲ့ကြရတာရှိတယ်။ ထို့အတူ နယ်မြေ လုံခြုံရေး   တာဝန်ရှိသူတွေ၊  ဒလန်လို့ အမည်တပ်ခံရသူတွေ၊   ဝန်ထမ်းတွေ  အကြမ်းဖက်ခံရပြီး  သေဆုံး၊  ဒဏ်ရာ ရတဲ့အခါ    လူမှုကွန်ရက်တွေကနေ ပေါ်ပေါ်တင်တင် ပျော်ရဲကြသူတွေကို လည်း  အံ့အားသင့်ဖွယ်   မြင်တွေ့ရပါ တယ်။ မည်သို့သောတရားနဲ့ လက်ကိုင် ထားပြီး လူ့ဘဝကို ဖြတ်သန်းပါသလဲပေါ့။ သူတို့အခေါ်ကတော့  လူသားအချင်းချင်း ရက်ရက်စက်စက်  သတ်ဖြတ်တာတွေ ဟာ ဒလန်ရှင်းလင်းရေးတဲ့လေ။   အမှန် က အကြမ်းဖက်တာ၊ ရက်ရက်စက်စက် အကြမ်းဖက်တာ၊ တိုင်းပြည်ကို နာလန် မထူအောင် ဖျက်ဆီးနေကြတာ။
နယ်ချဲ့လက်ပါးစေ အကြမ်းဖက်သမားများ
ဒီလိုအကြမ်းဖက်မှုတွေ  PDF  တွေ လုပ်နိုင်အောင်    နောက်ကွယ်ကနေ ချုပ်ကိုင်ကြိုးဆွဲပေးသူတွေက ဘယ်သူ တွေများလဲ။ မမျှတတဲ့ ရွေးကောက်ပွဲ ကနေ ပြည်သူနဲ့အတူဆိုတဲ့ ရွှေရည်စိမ်စကားတစ်ခွန်းပိုက်ပြီး လုပ်ချင်ရာလုပ်ဖို့ မှန်းထားလေသမျှ     လွှတ်တော်ကို တစ်ရက်တောင် တက်ခွင့်ရမသွားရှာတဲ့ CRPH   ပြည်ပြေးအဖွဲ့နဲ့၊  ဒီမိုကရေစီ အယောင်ပြ အာဏာယစ်မူးပြီး တိုင်းပြည် ကို အပိုင်းပိုင်းခွဲရောင်းစားလိုတဲ့ NUG လေလှိုင်းအစိုးရတို့ပါပဲ။ 


အင်အားတောင့်တင်းတဲ့       အဖွဲ့ အစည်းတွေလို့ဆိုလိုက်ရင် သံဃာအဖွဲ့ အစည်း၊ ကျောင်းသားအဖွဲ့အစည်းနဲ့ ဝန်ထမ်းအဖွဲ့အစည်း၊ တပ်မတော်ဆိုပြီး Institution   တွေ  နိုင်ငံမှာရှိပါတယ်။ တပ်မတော်ဟာ စနစ်တကျနဲ့ လေ့ကျင့် ဖွဲ့စည်းထားတဲ့    အဖွဲ့အစည်းဖြစ်တာ ကြောင့် ဖျက်ဆီးဖြိုလှဲဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် အကြမ်းဖက်အင်အားစုတွေ ဟာ ဝန်ထမ်းအဖွဲ့အစည်းကို ပထမဦးစွာ ချဉ်းကပ်ခဲ့ကြပါတယ်။ သို့သော်လည်း CDM ဟာ သူတို့မျှော်မှန်းသလို မအောင် မြင်ခဲ့ဘဲ   CDM  တံခါးကြီးဟာလည်း ပြည်ပြေး      ဇော်ဝေစိုးတို့လက်ထဲမှာ ဖွင့်ချည်၊ ပိတ်ချည် အခါခါပါပဲ။ ဝန်ထမ်း အဖွဲ့အစည်းတွေကို    တိုးမပေါက်တဲ့ ဒီမိုအမည်ခံ အာဏာမတရားရလိုသူတွေ ဟာ ကျောင်းသားလူငယ်တွေကို ပစ်မှတ် ထား မြှောက်ပင့်ပြီး လမ်းပေါ်ထွက်ခိုင်း ခဲ့ပါတော့တယ်။ 


နိုင်ငံရေးအတွေ့အကြုံ     အားနည်း၊ အမြော်အမြင်မရှိတဲ့   လူငယ်တွေဟာ လမ်းပေါ်ထွက်ရာကနေ    နောက်က မြှောက်ပင့်ပေးသူတွေကြောင့် တစ်ဆင့် ပြီးတစ်ဆင့်တက်ရင်း   ပဋိပက္ခအဆင့် ဆင့်၊ အကြမ်းဖက်အဆင့်အထိ ရောက်ရှိ သွားကြရတာပါ။        လက်နက်တွေ ပေးတယ်၊     ဖောက်ခွဲရေးနည်းပညာ တွေ  သင်ပေးတယ်၊  ပြီးတော့ နီးစပ်ရာ တိုက်ခိုက်ခိုင်းတော့တာပဲ   မဟုတ်ပါ လား။    ဒီနေရာမှာ   တပ်မတော်လို အင်အားတောင့်တင်းပြီး   စနစ်တကျ လေ့ကျင့်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ကြီးကို ရှောင်ပြီး အခြား Institution တွေကို ပစ်မှတ်ထားကြတော့တာပါပဲ။ ဝန်ထမ်းတွေကို သတ်ဖြတ်၊ ခြိမ်းခြောက်၊ CDM မလုပ်ရင် ဒလန်ဆိုပြီး သတ်ဖြတ်၊ အုပ်ချုပ်ရေးဝန်ထမ်းတွေကို   နယ်မြေ မငြိမ်သက်အောင်၊   မအေးချမ်းအောင်၊ မအုပ်ချုပ်နိုင်အောင်        ဒလန်စွပ်စွဲ သတ်ဖြတ်ရင်းနဲ့ ပြည်သူတွေ အကြောက် တရားနဲ့ သူတို့ဘက်ကို ယိမ်းယိုင်လာစေ ဖို့   ဇာတ်သွင်းနေခဲ့တာ  အထင်အရှား ပါပဲ။ 


သံဃာဂိုဏ်းသင့်မယ့် လူသတ်သမားတွေ


ယခုနောက်ပိုင်းမှာ      အကြမ်းဖက် အဖွဲ့တွေဟာ သံဃာတော်တွေကိုလည်း အလွတ်မပေး၊ ပစ်မှတ်ထားသတ်ဖြတ် နေတာကို    သတင်းတွေမှာ  တွေ့ရပါ တယ်။  သင်္ဂါယနာနှစ်ကြိမ် တင်ထားခဲ့ ဖူးပြီး  သာသနာရောင်ဝါ  ထွန်းလင်းတဲ့ ထေရဝါဒ   ဗုဒ္ဓဘာသာနိုင်ငံတော်အဖို့ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ နေ့ရက် တွေပါ။ ဆန္ဒပြပွဲနေ့ရက်တွေရဲ့ အစပိုင်း ကတည်းက    သံဃာတော်တွေအပေါ် ယုတ်ညံ့တဲ့အပြုအမူမျိုးစုံနဲ့  စော်ကား ခဲ့ကြတယ်။ ထေရ်ကြီးဝါကြီး ဆရာ တော်ကြီးတွေကို   အမျိုးမျိုးစော်ကား ပြစ်တင်ခဲ့ကြပါတယ်။   အဓမ္မဘက်ကို မလိုက်ကြဘဲ ဘာသာ၊ သာသနာအကျိုး ကိုသာ   တစိုက်မတ်မတ် ဆောင်ရွက် တော်မူကြတဲ့ ဆရာတော်တွေကို ဝစီနဲ့ စော်ကားရုံမက  အသက်အန္တရာယ်ကိုပါ ထိခိုက်လာခဲ့ကြပါတယ်။


ဥပမာတစ်ခုမှာ      ဝမ်းတွင်းမြို့နယ် သဲတောလေးကျေးရွာ    မင်္ဂလာမှန် ကျောင်းဆရာတော် ဆွမ်းဘုဉ်းပေးစဉ် အကြမ်းဖက်သမား အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဆရာ တော်မှာ    နဖူးမှ နောက်စေ့ကို  ကျည် ဖောက်ဝင်ဒဏ်ရာနဲ့   နေရာမှာတင် ပျံလွန်တော်မူခဲ့တာကို   လူမှုကွန်ရက် တွေမှာ  ဓာတ်ပုံတွေနဲ့တကွ    မြင်တွေ့ ခဲ့ရပါတယ်။          အခြေခံလူ့ကျင့်ဝတ်၊ လူ့စည်းကမ်းတွေအားလုံး   ပျက်သုဉ်း နေတဲ့    အကြမ်းဖက်သမားတွေလို့ပဲ ရေရွတ်မိရင်း ဘာသာသာသနာအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ မုဆိုးတွေ တောင်မှ အမဲလိုက်တဲ့အခါ အစာစား နေတဲ့   သားကောင်၊   နို့တိုက်နေတဲ့ သားကောင်ဆိုရင် မပစ်ကြပါဘူး။ အခုဟာ က ဘုရားနဲ့တစ်ဂိုဏ်းတည်း သံဃာ တော်ကို ဆွမ်းဘုဉ်းပေးချိန်မှာ ရက်ရက် စက်စက် ပစ်သတ်လိုသတ်၊ လမ်းဆုံ လမ်းခွမှာ အကြောင်းမဲ့ပစ်သတ်လိုသတ်၊ စာချဆရာတော်ကို မထီမဲ့မြင် ရုန့်ရင်း ကြမ်းတမ်းစွာ ဆဲဆိုနေတဲ့ အသံဖိုင်တွေ လူမှုကွန်ရက်တွေကနေ အမြင်မတော် တဲ့    မြင်ကွင်းတွေ   မြင်တွေ့ကြားသိနေ ရတာ ပြည်သူတွေရဲ့  စိတ်နှလုံးညှိုးနွမ်း ဖွယ်ရာတွေပါပဲ။

 

မြှောက်ထိုးပင့်ကော် 
သစ္စာဖောက်မီဒီယာများ 


ဒါကိုတောင်     ပြည်ပအားကိုးတဲ့ မီဒီယာတု၊ မီဒီယာယောင်တွေ၊ မီဒီယာ အမည်ခံ   သစ္စာဖောက်တွေက  ရိုးရိုး သားသားမဖော်ပြဘဲ သံဃာတော်တွေရဲ့ သိက္ခာကိုတောင်ချနင်းပြီး မဟုတ်မမှန် သတင်းတွေ၊     ထင်ယောင်ထင်မှား အရေးအသားတွေနဲ့    ဆိုးဆိုးရွားရွား အကြမ်းဖက်မှုကို     နိုင်ငံတကာက အပြစ်မမြင်လေရအောင် ဆိတ်သားရေ နဲ့   ဖုံးကွယ်ပေးနေကြတာကိုလည်း    မြင်တွေ့ ရပါတယ်။ 


ပြည်ဖျက် PDF ရဲ့ အစွမ်းကုန်ရက်စက်မှုတွေ


ယနေ့အထိ    အကြမ်းဖက်သတ် ဖြတ်ခံရတဲ့   သံဃာတော် ၁၂ ပါးခန့် ရှိလာခဲ့ပါပြီ။ အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခံရ၊ မီးရှို့သတ်ဖြတ်ခံရ၊ ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံခဲ့ရတာပါ။ ထို့အတူ ပညာရေးနယ်ပယ်က  ဆရာ ဆရာမ တွေနဲ့ ဝန်ထမ်းတွေ ရက်ရက်စက်စက်    သတ်ဖြတ်ခံရတာ ၁၂ ဦးခန့်ရှိလာပြီး ဆရာ ဆရာမ ခုနစ်ဦးနဲ့ ဝန်ထမ်းငါးဦး ပါဝင်ပါတယ်။ ထို့အတူ သေကံမရောက် ခဲ့ဘဲ   ထိခိုက်ဒဏ်ရာရရှိတဲ့  ဆရာ ဆရာမ ၁၃ ဦးနဲ့  ပညာရေးဝန်ထမ်း နှစ်ဦး  ရှိခဲ့ပါတယ်။ ထို့အတူ နိုင်ငံတည်  ငြိမ်အေးချမ်းအောင်၊  တရားဥပဒေ စိုးမိုးပြီး  ပြည်သူတွေ လုံခြုံမှုရှိအောင်        ပရဟိတစိတ်အပြည့်နဲ့ ထမ်းဆောင်နေ ကြတဲ့ ရပ်ကွက်၊  ကျေးရွာအုပ်ချုပ်ရေးမှူး တွေ၊ ရာအိမ်မှူး၊  ရပ်ကျေးစာရေးတွေ စုစုပေါင်း ၁၉၈ ဦးကို   အကြမ်းဖက်သမား တွေက လူမဆန်စွာ သတ်ဖြတ်ပစ်ခဲ့ကြ ပါတယ်။ ဒဏ်ရာရရှိသူတွေလည်း ၁၄၈ ဦးခန့်   ရှိခဲ့ပါတယ်။  ပြည်သူအတွက်၊ နိုင်ငံအတွက်   နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ အညီ   အေးအေးချမ်းချမ်းနဲ့  တာဝန် ထမ်းဆောင်နေကြတဲ့   နိုင်ငံ့ဝန်ထမ်း ၃၈ ဦးခန့်ဟာ အဆင်အခြင်မဲ့  အတ္တ လွန်ကဲပြီး      အသိစိတ်ခေါင်းပါးနေတဲ့ အကြမ်းဖက်သမား၊  ပြည်ပြေးလက်ပါး စေ   PDF  တွေကြောင့်   ကြွေလွင့်ခဲ့ရ ပါပြီ။
အတ္တကြီးသူတို့ကြောင့်   ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက အရာမထင်၊ အကျည်းတန် ပျက်သုဉ်းသွားခဲ့ရပြီ။ နိုင်ငံအတွင်း  ထိခိုက်ကွဲရှမှုတွေကို ပြည်သူနဲ့အစိုးရ   လက်တွဲညီညီနဲ့ အကောင်းဆုံးပူးပေါင်းပြီး    ဖယ်ရှားသွား ကြမယ်၊     ခလုတ်တံသင်းတွေဖြစ်တဲ့  အကြမ်းဖက်သမားတွေကို    အစိုးရ၊   ပြည်သူပူးပေါင်းမှုနဲ့     ဖော်ထုတ်အမြစ် ဖြုတ်ကြမယ်ဆိုတဲ့         ပြည်ထောင်စု ချစ်စိတ်  ခိုင်ခိုင်မာမာထားရှိကြပါစို့လို့ ပြည်သူတစ်ရပ်လုံးကို    တိုက်တွန်းလိုက် ရပါကြောင်း။       ။