
နေပြည်တော် နိုဝင်ဘာ ၂၃
တာချီလိတ်မြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ငွေကျပ်သိန်း ၇၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် တာချီလိတ်မြို့နယ် ဝမ်ကျောက်လုံကျေးရွာအနီးတွင် စိုင်းဆိုင်လောင် မောင်းနှင်ပြီး စိုင်းညီညီလင်း(ခ) စိုင်းဉာဏ်လင်းနှင့် မနန်းယွန်း သီရိအောင်(ခ)ယွန်းယွန်းတို့ လိုက်ပါလာသည့် ယာဉ်အား သတင်းအရ ရှာဖွေရာ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၅၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၁ နာရီခွဲတွင် တာချီလိတ်မြို့နယ် မယ်ယန်းကျေးရွာ အိမ်အမှတ်(၂၂၆)ရှိ စိုင်းဆိုင်လောင် ငှားရမ်း နေထိုင်သော နေအိမ်အိပ်ခန်းအတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၉ ဒသမ ၉၅ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၄၇၉၆ သိန်းတန်ဖိုးရှိ စုစုပေါင်းအိုက်စ် (မက်သ်အဖက်တမင်း) ၅၉ ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီခွဲ တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ် ရွာငံ-ဟံမြင့်မိုရ်သွား ကားလမ်း ယုန်တောင်ကျေးရွာအနီးတွင် ရွာငံမှဟံမြင့်မိုရ်ဘက်သို့ ဇော်မင်းဦး(ခ) တာတေကြီး မောင်းနှင်လာသည့် ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ခြောက်သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်