
ဘရပ်ဆဲလ် နိုဝင်ဘာ ၂၇
ကိုဗစ် -၁၉ မျိုးကွဲအသစ် ဥရောပ သို့ ကူးစက်ပျံ့နှံ့လာခြင်း အရှိန် နှေးကွေးစေရန်အတွက် ဥရောပ သမဂ္ဂ (အီးယူ )သည် အာဖရိက တောင်ပိုင်းဒေသများသို့ ခရီးသွား လာမှုကို ရပ်နားရန်အတွက် စီစဉ်ထားကြောင်း ဥရောပ ကော်မရှင်က နိုဝင်ဘာ ၂၆ ရက် တွင် ပြောသည်။
ဥရောပ ကော်မရှင်သည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ နှင့် နီးနီးကပ်ကပ် ဆောင်ရွက် သွားမည်ဖြစ်ပြီး အာဖရိက တောင်ပိုင်းဒေသများသို့ လေ ကြောင်းပြေးဆွဲမှုများ ရပ်နားရန် အတွက် ဆွေးနွေးမှုများပြုလုပ် သွားမည်ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌဖြစ်သူ အာဆူလာဗွန်ဒါလီ ယန်က တွစ်တာပေါ်တွင် ပြော ကြားခဲ့သည်။
ဗွန်ဒါလီယန်၏ ကိုဗစ်-၁၉ အကြံပေးအဖွဲ့သည် နိုဝင်ဘာ ၂၆ ရက်နှောင်းပိုင်းတွင် အဆိုပါ ပြဿနာနှင့် ပတ်သက်ပြီး ဆွေးနွေးသွားကြရန် စီစဉ်ခဲ့သည်။ ကိုဗစ် -၁၉ မျိုးကွဲသစ်မှာ လက်ရှိ အသုံးပြုနေသည့် ကာကွယ်ဆေး များအပေါ် မည်သို့သက်ရောက် မှုရှိသည်ကို နားလည်ရန်အတွက် အချိန်ယူရဦးမည် ဖြစ်သည်။
နိုဝင်ဘာ ၂၆ ရက်ကလည်း ဥရောပ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ဥရောပ တွင် ဖြစ်ပွားနေသည့် ရောဂါကူး စက်မှုအခြေအနေများကို စောင့် ကြည့်မှုများ ပြုလုပ်နေသည်ဟု ပြောသည်။ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး၏ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကိုလည်း အဆိုပါ ကိုဗစ်-၁၉မျိုးကွဲအသစ်ကြောင့် ရက်ရွှေ့ဆိုင်းထားရကြောင်း သိရ သည်။
မူလက နိုဝင်ဘာ ၃၀ ရက်တွင် ဂျီနီဗာ၌ ကျင်းပရန် စီစဉ် ထားသော်လည်း တောင်အာဖရိက တွင် ကိုဗစ် -၁၉ မျိုးကွဲအသစ် ကြောင့် ရက်ရွှေ့ဆိုင်းရန် ဆုံးဖြတ် လိုက်ရသည်ဟု သိရသည်။
ဆင်ဟွာ