ကျောက်ဆည်နှင့် တာချီလိတ်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်    နိုဝင်ဘာ    ၂၉  


နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီခွဲတွင် သံရွာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ် တောင်တော် ကျေးရွာအုပ်စု တောင်တော်ကျေးရွာနေ မျိုးသန့်ကျော်(ခ) ရှမ်းလေး  ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၀၀ ကို လည်းကောင်း၊    အလားတူ  နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် မြခွာညိုလမ်း တွင် အိုက်နွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား