ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


 

နေပြည်တော် ဩဂုတ် ၁၉


ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးလှကျော်နှင့် ဗဟိုလယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြသည်။
ရှေးဦးစွာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ညွှန်ကြား ရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်း အဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများအား ဖတ်ကြားတင်ပြပြီး လုပ်ငန်းအကြောင်းအရာ တစ်ခုချင်း အပေါ် ဆွေးနွေးဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေများ အတွက် ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေ ရမည့်ကိစ္စ၊ လယ်မြေအား အခြားနည်း ဖြင့် အသုံးပြုခွင့် လျှောက်ထားလာ သည့် ကိစ္စရပ်များကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက် များအရ လည်းကောင်း၊ ဗဟိုလယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့၏ ၂၀၁၃ ခုနှစ် မေ ၁၆ ရက် ရက်စွဲပါစာဖြင့် စိစစ်ရန် ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အရ လည်းကောင်း၊ ကိုက်ညီမှန်ကန်မှု ရှိ/မရှိ စိစစ်ဆောင်ရွက်ပြီးနောက် ကိုက်ညီ မှန်ကန်မှုရှိပြီး ပြည့်စုံစွာ တင်ပြလာသည့် လယ်ယာမြေဥပဒေ ပုဒ်မ ၃၀ (က) အရ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လုပ်ငန်းစာတွဲ များနှင့် ပတ်သက်၍ လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့တို့မှ ခွင့်ပြု ထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လယ်ယာမြေဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅၊ ၃၆ တို့အရ လျှောက်ထားလာသည့် အမှုတွဲ (၃) တွဲနှင့် ပတ်သက်၍ ခွင့်ပြု ရန် သင့်/ မသင့် ကိစ္စရပ်များကို လည်းကောင်း၊ ဆွေးနွေးစိစစ် အတည်ပြုခြင်း၊ သက်ဆိုင်ရာ ကော်မတီသို့ ပြန်လည်ပေးပို့ရေး ဆိုင်ရာများကို ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်